အားကောင်းသော လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်

 

နေပြည်တော်   နိုဝင်ဘာ  ၂၉


ယနေ့ ညနေ ၅ နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့်    ယင်းနှင့်ဆက်စပ်လျက်ရှိသော   ကပ္ပလီ ပင်လယ်ပြင်တောင်ပိုင်းတို့တွင်   ဖြစ်ပေါ်နေသော   အားကောင်း သော  လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်။ 


အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်-  အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး  နိုဝင်ဘာ ၃၀ ရက်တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌  မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်သည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက် သို့ ရွေ့လျားနိုင်ကာ ၂-၁၂-၂၀၂၃ ရက်နေ့တွင်  ဘင်္ဂလားပင်လယ် အော်အနောက်တောင်ပိုင်းနှင့်    ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့၌ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။            

မိုး/ဇလ