အားကစားကွင်းနှင့် အားကစားရုံ တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း နှစ်ပိုင်းအခြားအလိုက်စီမံချက်ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 

 

နေပြည်တော် ဒီဇင်ဘာ ၂၈

 

အားကစားကွင်းနှင့် အားကစားရုံ တည်ဆောက် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို ရှေ့လာမည့် (၅)နှစ် အတွင်း ဆောင်ရွက်မည့်အစီအမံများ နှစ်ပိုင်းအခြား အလိုက် စီမံချက်ရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် အားကစားနှင့် ကာယပညာဦးစီး ဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ထည့်သွင်း တွက်ချက်စဉ်းစားရန်လို

အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်က အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ အားကစားနှင့် ပညာရေး ပေါင်းစပ် ကျောင်းအုပ်ကြီးများအနေဖြင့် သင်တန်းသား ကျောင်းသားများအတွက် ပညာရေးဆိုင်ရာ ဆောင်ရွက် ရာတွင် တွေ့ရှိရသည့်အခက်အခဲများ၊ လိုအပ်ချက်များနှင့် ပညာရေး တိုးတက်မြင့်မားစေရေးအတွက် ဆောင်ရွက် ရမည့်အစီအစဉ်ကိစ္စရပ်များ၊ ဝန်ကြီးဌာနအဆင့်၊ ဦးစီးဌာန အဆင့်မှ ကူညီပံ့ပိုးရမည့်ကိစ္စရပ်များကို တင်ပြပေးရန် လိုအပ်ပါကြောင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း များမှ သင်တန်းသားများအနေဖြင့် ကျောင်းပြီးဆုံးချိန် တွင် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအနေဖြင့် လက်တွေ့ဘဝတွင် အဆင်ပြေနေထိုင် ဆောင်ရွက်နိုင်ရေး တို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ အားကစား နှင့်ကာယပညာသိပ္ပံသင်တန်းသားများ ပညာသင်ကြားရေး သင်ရိုးညွှန်းတမ်း အချိန်ဇယားနှင့်ပတ်သက်၍ အားကစား နှင့် ပညာရေးပေါင်းစပ်ကျောင်းမှ တာဝန်ခံပညာရေး ကျောင်းအုပ်ကြီးများအနေဖြင့် (SOP) Guide Line တစ်ခုကို ပေါင်းစပ်ညှိနှိုင်း တင်ပြရန်လိုအပ်ပါကြောင်း၊ အားကစား နှင့် ကာယပညာဦးစီးဌာနရှိ အင်ဂျင်နီယာများအနေဖြင့် အားကစားဆိုင်ရာ အဆောက်အဦများ တည်ဆောက်ပြုပြင် ဆောင်ရွက်ရာတွင် ခေတ်စနစ်ကာလ ဒေသနှင့် ကိုက်ညီမှု ရှိပြီး သဘာဝဘေးအန္တရာယ်အခြေအနေ၊ အရေးပေါ်အခြေ အနေများတွင် ပြည်သူလူထုကို အကျိုးဖြစ်ထွန်းစေနိုင်မည့် အချက်များကို အင်ဂျင်နီယာအမြင်များဖြင့်ပါ ထည့်သွင်း တွက်ချက်စဉ်းစားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်)၊ အားကစားနှင့် ပညာရေးပေါင်းစပ်ကျောင်းများမှ ပညာရေး တာဝန်ခံကျောင်းအုပ်ကြီးများနှင့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၊ လေ့ကျင့်ရေးကွင်း (၁၊ ၂၊ ၃၊ ၄)၊ ရေကူးကန်၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A,B,C) တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ပညာရေးတာဝန်ခံ ကျောင်းအုပ် ဆရာ/ဆရာမကြီးများ အနေဖြင့် အားကစား နှင့် ကာယပညာသိပ္ပံပြိုင်ပွဲ၊ ပူးတွဲလေ့ကျင့်သင်တန်း များအတွက် Chapter Package၊ Distance Learning အစီအစဉ်များကိုပါ ထည့်သွင်း စဉ်းစားသင့်ပါကြောင်း၊ အားကစားသိပ္ပံကျောင်းများမှ ပညာရေးတာဝန်ခံ ကျောင်းအုပ်ကြီးများ စုပေါင်း၍ ပညာရေးနှင့်ပတ်သက် သည့် ငါးနှစ်တာ plan ရေးဆွဲတင်ပြရန် လိုအပ်ပါကြောင်း အသက်မွေးဝမ်းပညာ သင်တန်းကျောင်း(TVET) တစ်ခု ဖြစ်လာစေနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ မသန်စွမ်းကျောင်းများတွင်လည်း အားကစား ပညာသင်ကြားနိုင်ရေး ပြုလုပ်သင့်ပါကြောင်း။

အကြံပြုချက်များ ရယူရန်လို

အားကစားကွင်းနှင့် အားကစားရုံ အဆောက်အဦများ အကြီးစား ပြုပြင်မွမ်းမံရန် ၂၀၂၁-၂၀၂၂ ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲရမည်ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာများ အနေဖြင့် အားကစားကွင်းနှင့် အားကစားရုံ၊ အဆောက် အဦများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားကစားနည်း သတ်မှတ်ချက်နှင့် အမှန်တကယ်ကိုက်ညီမှု ရှိခြင်းသာမက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ရေရှည် တည်တံ့ခိုင်မြဲမှု (Eco System၊ Pollution၊ Substainable၊ Space Saving Programme Method၊ Energy Com-sumption) စနစ်တို့ကို ကြည့်၍ ဆက်လက်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဒေသခံပြည်သူများ နှင့် သင့်လျော်ကိုက်ညီ အကျိုးဖြစ်ထွန်းမှုကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာများအနေ ဖြင့် အဆောက်အဦဆောက်လုပ်ခြင်းဆိုင်ရာ Creation နှင့်ပတ်သက်၍ အကြံပြုချက်များ ပေးစေလိုကြောင်း၊ လိုအပ်ပါက မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် ပူးပေါင်း ၍ အကြံပြုချက်များ ရယူရန် လိုအပ်ပါကြောင်း၊ အများ ပြည်သူများအတွက် Healthy and Safety ပတ်ဝန်းကျင် ဖြစ်အောင် ဖော်ဆောင်ရန် လိုအပ်ပါကြောင်း၊ (Wages၊ Material၊ Transport Link) များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊ အားကစားကွင်းနှင့် အားကစားရုံ အဆောက်အဦ ကျင်းပပြုလုပ်ခဲ့သည့်ပွဲစဉ်၊ ပြိုင်ပွဲ အဆင့် အတန်းများကို စနစ်တကျမှတ်တမ်းထားရှိရန် လိုအပ် ပါကြောင်း၊ ထိုမှသာ အသုံးပြုမှုအချက်အလက်များကို အခြေခံ၍ အားကစားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု သုတေသနပြုလုပ်ရာတွင် ပြန်လည်အထောက်အကူပြုစေ နိုင်မည်ဖြစ်ပါကြောင်း၊ အားကစားကွင်းနှင့် အားကစားရုံ အဆောက်အဦများ ပြင်ဆင်ပြုလုပ်ရာတွင် မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသို့ ဆက်သွယ်၍ ပြိုင်ပွဲကြီးများ ကျင်းပပြီးစီးခဲ့သော နိုင်ငံများ၌ အားကစားကွင်းနှင့် အားကစားရုံ ထိန်းသိမ်းပြုပြင်မွမ်းမံခြင်းဆိုင်ရာ နည်းစနစ် များကို လေ့လာသင့်ရန် လိုအပ်ပါကြောင်း ပြောကြား သည်။

အစည်းအဝေးသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။ သတင်းစဉ်