အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ရန်ကုန်မြို့တော်ခန်းမ၌ နေ့ဆွမ်းဆက်ကပ်

 

 

ရန်ကုန်  ဇူလိုင်  ၁၉


၂၀၂၁ ခုနှစ် (၇၄)နှစ်မြောက်    အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော      အာဇာနည်ခေါင်းဆောင်ကြီး များအား    ရည်စူး၍      နေ့ဆွမ်းဆက်ကပ်လှူဒါန်း ရေစက်သွန်းလောင်း   အမျှပေးဝေခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက   ရန်ကုန်မြို့တော်  စည်ပင် သာယာရေးကော်မတီ  မြို့တော်ခန်းမ  ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
အခမ်းအနားသို့  (၇၄)နှစ်မြောက်   အာဇာနည်နေ့ အခမ်းအနားကျင်းပရေး          ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်            ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊        ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ    ရန်ကုန်တိုင်းဒေသကြီး   စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊    ရန်ကုန်တိုင်းဒေသ ကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ဝင်းတင့်၊   ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်သင်းသင်းနွဲ့၊  ရန်ကုန်မြို့တော် ဝန်နှင့် ကော်မတီဝင်များ၊      ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဆွမ်းဆက်ကပ်လှူဒါန်း
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့  အကျိုးတော်ဆောင်  မဟာဂန္ထဝါစကပဏ္ဍိတ ပါဠိတက္ကသိုလ်ညောင်တုန်း ပရိယတ္တိ စာသင်တိုက် စာချ     နာယကဆရာတော်  ဘဒ္ဒန္တသုမင်္ဂလထံမှ ပရိသတ်တို့က  ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်   သံဃာတော်များ    ရွတ်ပွားသရဇ္ဈာယ် တော်မူကြသည့်   မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြကာ       လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်    ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ (ယာပုံ)
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး  သံဃနာယက အဖွဲ့    အကျိုးတော်ဆောင်   မဟာဂန္ထဝါစကပဏ္ဍိတ ပါဠိတက္ကသိုလ်        ညောင်တုန်းပရိယတ္တိစာသင်တိုက် စာချ     နာယကဆရာတော်  ဘဒ္ဒန္တသုမင်္ဂလထံမှ အနုမောဒနာတရားနာယူကြပြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်  အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ လှူဒါန်းမှု  အစုစုတို့အတွက်    ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။                            သတင်းစဉ်