
ရန်ကုန် ဇူလိုင် ၁၉
၂၀၂၁ ခုနှစ် (၇၄) နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး များအား ရည်စူး၍ နေ့ဆွမ်း ဆက်ကပ်လှူဒါန်း ရေစက်သွန်းလောင်း အမျှပေးဝေခြင်းအခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ ပထမ ထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်သင်းသင်းနွဲ့၊ ရန်ကုန်မြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး သံဃနာ ယကအဖွဲ့ အကျိုးတော်ဆောင် မဟာဂန္ထဝါစက ပဏ္ဍိတ ပါဠိတက္ကသိုလ် ညောင်တုန်းပရိယတ္တိစာသင် တိုက် စာချနာယက ဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံ မှ ပရိသတ်တို့က ငါးပါးသီလ ခံယူဆောက်တည်ကြ ပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ် တော်မူကြသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သံဃနာ ယကအဖွဲ့ အကျိုးတော်ဆောင် မဟာဂန္ထဝါစက ပဏ္ဍိတ ပါဠိတက္ကသိုလ်ညောင်တုန်း ပရိယတ္တိစာသင် တိုက် စာချနာယက ဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံမှ အနုမောဒနာတရား နာယူကြပြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အား ရည်စူး၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းလောင်း အမျှပေးဝေကြသည်။
သတင်းစဉ်