အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုမည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း

    á    ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင်အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
á     လာရောက်သူများအားလုံး နှာခေါင်းစည်း (Mask) များ မပျက် မကွက် စနစ်တကျ တပ်ဆင်ရန်။
á     သတ်မှတ်ပေးထားသော နေရာများတွင် စနစ်တကျ လက်ဆေး ခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်း ခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။
á     ဗဟန်းမြို့နယ်၊ လင့်ခ်လမ်းတွင်  ကိုယ်အပူချိန်တိုင်းတာခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများနှင့်   အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ တယ်လီဖုန်း နံပါတ်စသည်တို့ကို    ပြည့်စုံမှန်ကန်စွာ   စာရင်းပေးသွင်းရန် နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) ကိုယ်ရေးအချက်အလက်စိစစ် နိုင်သည့် အသိအမှတ်ပြုကတ်ပြား ယူဆောင်လာပါရန်။
á     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက် အကွာအဝေးများကို (၆)ပေ အကွာအဝေးအတိုင်း လိုက်နာနိုင် ရန်နှင့် နေရာများအလိုက်  တာဝန်ရှိသူများ၏   စီစဉ်ဆောင်ရွက် မှုကို ပူးပေါင်းပါဝင်ရန်။
    á     ကိုယ်အပူချိန်မြင့်ခြင်း  (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/ ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊  ချောင်းဆိုးခြင်း၊   အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းအပါအဝင်   သံသယဖြစ်ဖွယ်လက္ခဏာ များ စစ်ဆေးတွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။
    á     အာဇာနည်ဗိမာန်တွင်    တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရန်။
á     အာဇာနည်ဗိမာန်ရင်ပြင်ပေါ်တွင်    ဂါရဝပြုသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆) ပေခြား၍ (၁) ကြိမ်လျှင် (၁၀) ဦးစီဖြင့် သတ်မှတ်နေရာတွင် ဂါရဝပြုအလေးပြုရန်နှင့် ပြန်လည်ထွက်ခွာ ရာတွင်လည်း တစ်ဦးနှင့်တစ်ဦး (၆) ပေခြားဖြင့်သာ ပြန်လည် ထွက်ခွာရန်။
    á     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့်  (Covid-19) ဆိုင်ရာ   ကျန်းမာရေး အသိပေးချက်၊    သတိပေးချက်များကို   တိကျစွာလိုက်နာ ဆောင်ရွက်ရန်။ 
á     သက်ကြီးရွယ်အိုများ၊    နာတာရှည်ရောဂါရှိသူများနေဖြင့် လုံးဝ(လုံးဝ) လာရောက်ခြင်းမပြုရန်။
á     ဖျားခြင်း၊ ချောင်းဆိုးခြင်း၊  အသက်ရှူရခက်ခဲခြင်း၊ အင်အား ကုန်ခန်းခြင်းစသည့်     ရောဂါလက္ခဏာများဖြစ်ပွားနေပါက လုံးဝ(လုံးဝ) လာရောက်ခြင်းမပြုရန်။
á     အစုလိုက် အလေးပြုသည့်အချိန်အား (၁၅)မိနစ်ထက် ပိုမကြာ စေရန်။