အာဆီယံပညာရေးဝန်ကြီးများ၏ ဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားနှင့် အာဆီယံပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  မတ်  ၁၆


၂၀၂၁-၂၀၂၂ ခုနှစ် အာဆီယံပညာ ရေးဝန်ကြီးများ၏ ဥက္ကဋ္ဌတာဝန် ယူခဲ့သည့်        ဖိလစ်ပိုင်နိုင်ငံ ပညာရေးဝန်ကြီးထံမှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အာဆီယံပညာရေး ဝန်ကြီးများ၏ အလှည့်ကျဥက္ကဋ္ဌ အဖြစ်   လက်ခံဆောင်ရွက်မည့် ဗီယက်နမ်နိုင်ငံ  ပညာရေးဝန်ကြီး ထံသို့  တာဝန်လွှဲပြောင်းပေးအပ် သည့်  အခမ်းအနားကို  ယနေ့ မွန်းလွဲ ၁ နာရီတွင် Virtual စနစ် ဖြင့် ကျင်းပရာ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများ  တက်ရောက်ကြသည်။ 

 


အခမ်းအနားတွင်   အာဆီယံ အထွေထွေ   အတွင်းရေးမှူးချုပ် H.E. Lim Jock Hoi ၊ ဖိလစ်ပိုင်နိုင်ငံ ပညာရေးဝန်ကြီးတို့က အာဆီယံ နိုင်ငံများတွင်       ကိုဗစ်-၁၉ ကပ်ရောဂါ        ကာလအတွင်း Online/Offline နည်းမျိုးစုံဖြင့် ပညာသင်ကြားသင်ယူ အောင်မြင် ခဲ့ကြခြင်းအတွက် ဂုဏ်ယူကြောင်း ပြောကြားသည်။       ထို့နောက် ဖိလစ်ပိုင်နိုင်ငံ ပညာရေးဝန်ကြီး ဌာန   ဒုတိယဝန်ကြီးက  ၂၀၂၁ ခုနှစ်အတွင်း အာဆီယံပညာရေး ဝန်ကြီးများ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူခဲ့စဉ်   အာဆီယံပညာ ရေးဆိုင်ရာ    ဆောင်ရွက်ချက် များကို အကျဉ်းချုပ်တင်ပြသည်။ ယင်းနောက်   ဗီယက်နမ်ပညာ ရေးဝန်ကြီးက အာဆီယံပညာရေး ဝန်ကြီးများ၏ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူကာ    ဝမ်းမြောက် ဂုဏ်ယူစကား ပြောကြားသည်။ 

 


ဆက်လက်၍ အာဆီယံပညာ ရေးဝန်ကြီးများ       စကားဝိုင်း ဆွေးနွေးပွဲကို သင်ကြားသင်ယူမှု အခွင့်အလမ်း       ဆုံးရှုံးခြင်းနှင့် သင်ယူမှုအရှိန်     မြှင့်တင်ရေး၊ ပညာသင်ယူမှု    အခွင့်အလမ်း မြှင့်တင်ရေး၊       ပညာရေးစနစ် ပြန်လည်မြှင့်တင်ရေး   ခေါင်းစဉ် သုံးခုဖြင့်        ဆွေးနွေးကြရာ ပညာရေးဝန်ကြီးဌာန   ဒုတိယ ဝန်ကြီး   ဒေါက်တာဇော်မြင့်က ပညာရေးစနစ်  ပြန်လည်မြှင့်တင် ရေးခေါင်းစဉ်ဖြင့်    စကားဝိုင်း ဆွေးနွေးပွဲတွင်    တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်