အာဆီယံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် စံနှုန်းများနှင့်အညီ သင်ကြားပို့ချမွေးထုတ်ပေး

 

နေပြည်တော် အောက်တိုဘာ ၁၄  


အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများ ပြန်လည် သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များကို မြန်မာ နိုင်ငံမှ     ဦးဆောင်နိုင်ငံအဖြစ် ၂၀၁၉   ခုနှစ်မှစတင်၍  အကောင် အထည်ဖော်    ဆောင်ရွက်လျက် ရှိရာ  နိုင်ငံအဆင့်  ညှိနှိုင်းအစည်း အဝေးကို   ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်     ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်   ဦးဆောင် ကျင်းပသည်။

 


ညှိနှိုင်း   အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံ ပူးပေါင်းဆောင်ရွက်မှု   စတင် ဖြစ်ပေါ်လာချိန်မှစ၍   ခရီးသွား လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုတွင်     ပါဝင်လာခဲ့မှုအခြေ အနေများအရ   ဟိုတယ်နှင့်  ခရီး လှည့်လည်ရေး   လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်  ၃၂  မျိုးအတွက် ၂၀၁၂ ခုနှစ်မှစ၍ ASEAN MRA-TP အစီအစဉ်အရ အခြေခံဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ အကောင် အထည်ဖော်ဆောင်ရာတွင်လည်း အာဆီယံ       ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအတွက် အခြေခံကျွမ်းကျင်မှုစံနှုန်းများကို စုဖွဲ့ထားရှိပြီး စံနှုန်းများနှင့်အညီ သင်ကြားပို့ချ   မွေးထုတ်ပေးရန် လိုအပ်သလို အခြားတစ်ဖက်တွင် လည်း ကျွမ်းကျင်မှုစံနှုန်းများကို ခေတ်ကာလအလိုက်    ပြင်ဆင် မွမ်းမံရန်       လိုအပ်ပါကြောင်း၊ ASEAN   MRA-TP  အကောင် အထည်ဖော်ဆောင်ရေး    လုပ်ငန်း စီမံချက်     ၂၀၁၈-၂၀၂၃   တွင် ထည့်သွင်း      ဖော်ပြချက်အရ ကျွမ်းကျင်မှုစံနှုန်းများကို   ခေတ် အခြေအနေအရ ပြန်လည်လေ့လာ သုံးသပ်ရန်         မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ၂၀၁၉ ခုနှစ် မှစ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၂    ခုနှစ်   ဇန်နဝါရီလတွင် ကျင်းပခဲ့သော အာဆီယံခရီးသွား လုပ်ငန်းဝန်ကြီးများ      အစည်း အဝေးက      အတည်ပြုခဲ့ပြီးဖြစ်ပါ ကြောင်း၊      ကျွမ်းကျင်မှုစံနှုန်း များ ပြောင်းလဲသွားသည့်အတွက် ဆက်စပ်လုပ်ငန်းစဉ်များဖြစ်သည့် ကျွမ်းကျင်မှုအဆင့်အလိုက် စံနှုန်း များစုဖွဲ့ခြင်းနှင့်  အဓိကတာဝန်ယူ ဆောင်ရွက်မည့်စံနှုန်းများ ရွေးချယ် ခြင်းဆိုင်ရာ လုပ်ငန်းစဉ်ကို ဆက်လက်    ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။ 

 


ဦးဆောင်နိုင်ငံဖြစ်သည့် မိမိ တို့အနေဖြင့် လုပ်ငန်းညွှန်းတမ်း နှင့် လုပ်ငန်းစီမံချက်များ ရေးဆွဲ ထားရှိပြီး သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များ၏ အကူအညီဖြင့် ဆောင်ရွက်လျက်   ရှိပါကြောင်း၊ ယခုအခါ ပထမမူကြမ်းထွက်ရှိလာ ခြင်းဖြစ်ပါကြောင်း၊ ပထမမူကြမ်း အပေါ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သက်ဆိုင်ရာ ဟိုတယ်နှင့်ခရီးလှည့် လည်လုပ်ငန်းဆိုင်ရာ       အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ စုပေါင်း၍ နိုင်ငံအဆင့် ညှိနှိုင်းအစည်းအဝေး များ ကျင်းပပြုလုပ်ဆောင်ရွက်ရန် တိုက်တွန်းထားရှိပြီး       ဖြစ်ပါ ကြောင်း၊  လာအိုနိုင်ငံနှင့်  အင်ဒို နီးရှားနိုင်ငံတို့မှ      အပြုသဘော ဆောင်သည့်    အကြံပြုချက်များ လက်ခံရရှိထားပါကြောင်း၊ အကြံ ပြုချက်များအပေါ်    အခြေခံ၍ ဒုတိယမူကြမ်း   ထွက်ရှိလာမည် ဖြစ်ပြီး  အာဆီယံအဆင့်  ဒေသ တွင်း         အလုပ်ရုံဆွေးနွေးပွဲကို Hybrid စနစ်ဖြင့် မြန်မာနိုင်ငံမှ နိုဝင်ဘာလနှောင်းပိုင်း၌   အိမ်ရှင် အဖြစ်  လက်ခံကျင်းပပြုလုပ်ရန် လျာထားစီစဉ်လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် မိမိတို့ နိုင်ငံ၏ လိုအပ်ချက်များနှင့် အကြံ ပြုချက်များကို စုပေါင်းဆွေးနွေး အကြံပြု       စေလိုပါကြောင်းနှင့် လာမည့် အာဆီယံအဆင့် ဒေသ တွင်း       အလုပ်ရုံဆွေးနွေးပွဲတွင် အခြား         အဖွဲ့ဝင်နိုင်ငံများက ကိုယ်စားလှယ်များပါ   စုပေါင်း ပါဝင်   တက်ရောက်ဆွေးနွေးကြ မည်ဖြစ်ပါသဖြင့် မိမိတို့အနေဖြင့် ယခုကဲ့သို့     နိုင်ငံအဆင့်ကြိုတင် ညှိနှိုင်းဆွေးနွေးခြင်း      ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံမှ ဦးဆောင် နိုင်ငံအဖြစ်  ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခု       ဖြစ်ပါသဖြင့် အဆင့်အတန်းရှိသော ရလဒ်များ ထွက်ပေါ်လာရေး အားလုံးဝိုင်းဝန်း ဆွေးနွေး     အကြံပြုပေးစေလိုပါ ကြောင်း ဆွေးနွေးပြောကြားသည်။

 


ဆက်လက်၍    ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု    ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင် မောင်ကျော်က  အာဆီယံခရီးသွား လုပ်ငန်းဆိုင်ရာ  ကျွမ်းကျင်ပညာ ရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်း များ     ပြန်လည်သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းဆိုင်ရာ နောက် ဆက်တွဲ လုပ်ငန်းစဉ်များ ဆောင် ရွက်ထားရှိမှုနှင့်       ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် များကိုလည်းကောင်း သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်က   ပထမ မူကြမ်း       ရေးဆွဲခဲ့မှုကိုလည်း ကောင်း  ဆွေးနွေးရှင်းလင်းတင်ပြ သည်။ ထို့နောက် တက်ရောက်လာ ကြသူများက  ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြပြီး    ပြည်ထောင်စု ဝန်ကြီးက   နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။  


သတင်းစဉ်