
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ
(၅၄)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် ပြည်သူများသို့
ပေးပို့သည့် သဝဏ်လွှာ
၂၀၂၁ ခုနှစ် ၊ ဩဂုတ်လ ၈ ရက်
ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ကို တည်ထောင်ခဲ့သည့် (၅၄)နှစ်မြောက် နှစ်ပတ်လည် အခါသမယဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့် စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ အတူတကွသာယာဝပြောမှု၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ထာဝရပြည့်စုံသော ဒေသတစ်ခု အတွင်း အတူတကွပေါင်းစည်းနေထိုင်ကြရန် တူညီသည့်ဆန္ဒဖြင့် အာဆီယံအသင်းကြီးကို တည်ထောင် ခဲ့ခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာရှိသည့် အခါသမယတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအပေါင်းနှင့် အာဆီယံဒေသတွင်းရှိ ပြည်သူတစ်ရပ်လုံး ကောင်းကျိုးချမ်းသာမင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ယခုအချိန်သည် အာဆီယံ၏အောင်မြင်မှုများနှင့် ယနေ့မိမိတို့ မြင်တွေ့နေရသည့် အာဆီယံ အသင်းကြီးအဖြစ်သို့ ရောက်ရှိအောင် မည်သို့ဖြတ်သန်းခဲ့ရသည်ဆိုသည်ကို မိမိတို့အနေဖြင့် သတိချပ်ရမည့် အချိန်အခါကောင်းဖြစ်ပါသည်။ နိုင်ငံ ( ၅ ) နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည့် “အသင်းအဖွဲ့” တစ်ခုအဖြစ်မှ ယနေ့ အာဆီယံသည် အဖွဲ့ဝင်(၁၀)နိုင်ငံလုံး အပြည့်အဝပါဝင်သည့်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အောက်ဆီဂျင်ထုတ်လုပ်မှုအဆက်မပြတ်စေရေးအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည် (Liquid Oxygen)နှင့် အောက်ဆီဂျင်အိုးများ ဖြည့်တင်းပေးသွားမည့်အခြေအနေကို ရှင်းလင်းပြောကြားပြီး ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်သည်များကို မှာကြား သည်။
ယနေ့စတင်ဖွင့်လှစ်သည့် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ (Liquid Oxygen Plant) (နေပြည်တော်)သည် မြေအကျယ်အဝန်း အလျား ၁၀၂ ပေ၊ အနံ ၆၆ ပေပေါ်တွင် တည်ဆောက်ထားသည့် Steel Structure အမျိုးအစားဖြစ်ပြီး အောက်ဆီဂျင်ဖြည့်စင်၊ ရုံးခန်းနှင့် သိုလှောင်ခန်းတို့ပါဝင်သည့် အဆောက်အအုံနှစ်လုံးပါဝင်ကာ ၁၀ မိနစ် လျှင် လီတာ ၄၀ ဆံ့အိုး ၁၀ လုံး ထုတ်လုပ်နိုင်ကြောင်းနှင့် တစ်ရက်လျှင် လီတာ ၄၀ ဆံ့အိုး ၉၀၀ ခန့် ထုတ်လုပ်နိုင်ကြောင်း သိရသည်။
ထို့ပြင် အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံ (Liquid Oxygen Plant) (နေပြည်တော်)မှ ထွက်ရှိသည့် အောက်ဆီဂျင်အိုးများကို နေပြည်တော်ရှိ ပြည်သူ့ဆေးရုံများနှင့် တပ်မတော်ဆေးရုံများသို့ အဓိက ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး ပိုလျှံပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများသို့ ဆက်လက်ဖြန့်ဖြူးပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်