အာဆီယံဒေသအတွင်း အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ အပြန်အလှန်အသိအမှတ်ပြုရေးအစီအစဉ် အကောင်အထည်ဖော်မှုမြှင့်တင်နိုင်ရေး အာဆီယံနှင့်အရှေ့အာရှစီးပွားရေး သုတေသနအဖွဲ့နှင့် မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိကကိုယ်စား

 

နေပြည်တော်   မေ   ၆


အာဆီယံဒေသအတွင်း အာဆီယံ ခရီးသွားလုပ်ငန်း   ကျွမ်းကျင်ပညာ ရှင်များ အပြန်အလှန် အသိအမှတ် ပြုရေးအစီအစဉ်  ASEAN Mutual Recognition  Arrangement  on Tourism Professionals  (ASEAN MRA-TP) အကောင်အထည်ဖော်မှု ကို     မြှင့်တင်နိုင်ရေး   လေ့လာ သုံးသပ်မှုစာတမ်းကို  အာဆီယံနှင့် အရှေ့အာရှစီးပွားရေးသုတေသန အဖွဲ့           (Economic Research Institute for ASEAN and East Asia-ERIA)က ရေးဆွဲပြုစုလျက် ရှိရာ မြန်မာနိုင်ငံတွင်  ဆောင်ရွက် နေမှု အခြေအနေများနှင့် စပ်လျဉ်း ၍  သဘောထားအကြံပြုချက်များ ရယူနိုင်ရန်အတွက်  မြန်မာနိုင်ငံမှ ဟိုတယ်နှင့်    ခရီးသွားလုပ်ငန်း ဆိုင်ရာ     အစိုးရနှင့် ပုဂ္ဂလိက ကိုယ်စားလှယ်များနှင့်   တွေ့ဆုံ ဆွေးနွေးပွဲကို   ယနေ့နံနက်ပိုင်း တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ Video Conferencing   စနစ်ဖြင့် ကျင်းပသည်။

 


ဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းဆိုင်ရာ    ဆက်စပ် ဌာနများ၊    တက္ကသိုလ်ကောလိပ် များ၊   ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်း   ကျွမ်းကျင်ပညာ ရှင်များဖြင့်   ဖွဲ့စည်းထားရှိသည့် နိုင်ငံအဆင့်   ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအဖွဲ့နှင့် ခရီးသွားလုပ်ငန်း    ကျွမ်းကျင် ပညာရှင်များ     အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့တို့မှ အဖွဲ့ဝင်များ၊       ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊   မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း   အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့ ကိုယ်စားလှယ်များက Online ဖြင့် တက်ရောက်ကြသည်။ 

 


ဆွေးနွေးပွဲတွင် ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာဌေးအောင်က ယခု         အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်  ASEAN MRA-TP တွင်   ဟိုတယ်နှင့်ခရီး လှည့်လည်ရေး    လုပ်ငန်းဆိုင်ရာ အလုပ်အကိုင်     ၃၂    မျိုးအပြင်    Meeting,  Incentive,  Convention, Exhibition-  MICE    နှင့်   Event ဆိုင်ရာ        အလုပ်အကိုင်များကို ထပ်မံ          တိုးချဲ့ထည့်သွင်းရေး နောက်ဆက်တွဲ     ပြင်ဆင်ချက် အခြေပြစာချုပ်ကို   အာဆီယံခရီး သွားလုပ်ငန်း          ဝန်ကြီးများက လက်မှတ်      ရေးထိုးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်  ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်တွင်   ပါဝင်လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ လာအို နိုင်ငံမှ လက်မှတ်ရေးထိုးရန်  ကျန် ရှိပြီး    အဖွဲ့ဝင်နိုင်ငံများအားလုံး စုံညီစွာ လက်မှတ်ရေးထိုးပြီးပါက အဆိုပါ           သဘောတူညီချက် အတည်ပြုဝင်ရောက်ရေး  ကိစ္စရပ် များကို     ဆက်လက်ဆောင်ရွက် သွားရန် ရှိပါကြောင်း၊ တက်ရောက် လာသူများအနေဖြင့်  ယခုလေ့လာ သုံးသပ်မှုသည်      ၁၀ နှစ်တွင် (၁)ကြိမ်   ဆောင်ရွက်ခြင်းဖြစ်၍ အစီရင်ခံစာမှတစ်ဆင့်     ASEAN MRA-TP  အကောင်အထည်ဖော် ဆောင်မှုကို     ထိထိရောက်ရောက် အထောက်အကူပြုစေရေးအတွက်  လိုအပ်သည့်  အကြံပြုချက်များကို ဝိုင်းဝန်း    ဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားသည်။ 

 


ဆက်လက်၍    အာဆီယံနှင့် အရှေ့အာရှစီးပွားရေး  သုတေသန အဖွဲ့မှ        အကြီးတန်းစီးပွားရေး အကြံပေး   Dr. Aladdin Rillo က အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေ ဖြင့် ASEAN MRA-TP   အကောင် အထည်ဖော်ဆောင်ရေး   သဘော တူညီချက်     လက်မှတ်ရေးထိုးမှု သည် ၂၀၂၂ ခုနှစ်တွင်   ၁၀ နှစ် ပြည့်မြောက်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့    လေ့လာသုံးသပ်ခြင်း ဖြင့်         အဖွဲ့ဝင်နိုင်ငံအလိုက် အကောင်အထည်ဖော်    ဆောင် ရွက်ရာတွင် ကြုံတွေ့လျက်ရှိသည့် အားနည်းချက်၊ အားသာချက်များ ကို     လေ့လာဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း၊    ထို့ပြင်     ပိုမို ကောင်းမွန်သော   အကြံပြုချက် များဖြင့်   အရည်အသွေး   ပြည့်ဝ သော     ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာ         လူ့စွမ်းအား အရင်းအမြစ်များ   မွေးထုတ်နိုင် ရေး၊ ကျွမ်းကျင်မှုများကို စစ်ဆေး အကဲဖြတ်သည့် လုပ်ငန်းစဉ်များ ပိုမို           ရှင်းလင်းလွယ်ကူရေး၊ ကျွမ်းကျင်လုပ်သားများအနေဖြင့် အာဆီယံအဖွဲ့ဝင်   နိုင်ငံများတွင် ရွှေ့ပြောင်း         လုပ်ကိုင်နိုင်ရေး လုပ်ငန်းစဉ်များကို    ယခုထက် ပိုမိုထိရောက်နိုင်စေရန်           ဖြစ်ပါ ကြောင်း ရှင်းလင်းဆွေးနွေး ပြော ကြားသည်။ 

 


ထို့နောက်   တက်ရောက်လာ သူများက    မြန်မာနိုင်ငံအတွင်း MRA-TP   အကောင်အထည်ဖော် ဆောင် ရေး        လုပ်ငန်းစဉ်များအနက် အသိပညာပေး           လုပ်ငန်းများ ဆောင်ရွက်နေမှုများ   အပါအဝင် အကောင်အထည်       ဖော်မှုတွင် အစိုးရနှင့်  ပုဂ္ဂလိကကဏ္ဍအလိုက် ကြုံတွေ့ရသည့်    စိန်ခေါ်မှုများ၊  ခရီးသွား          လုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းများနှင့်   ကျွမ်း ကျင်ပညာရှင်များ   မွေးထုတ်ရာ တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များ  ပိုမိုချောမွေ့လွယ်ကူစေရေး အကြံပြုချက်များ၊    ကျွမ်းကျင် လုပ်သားများ   ရွှေ့ပြောင်းလုပ် ကိုင်မှု       လွယ်ကူချောမွေ့စေရေး​ ဖြေလျှော့  ဆောင်ရွက်ပေးနေမှုများ နှင့်    ထိုသို့ဖြေလျှော့ပေးရာတွင် အဖွဲ့ဝင်နိုင်ငံများအားလုံး တန်းတူ အခွင့်အလမ်း          ရရှိနိုင်ရေး   အလေးပေး          ဆောင်ရွက်စေလို သည့်   အချက်များကို    ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။ 


 သတင်းစဉ်