
နေပြည်တော် ဩဂုတ် ၁၃
အာဆီယံစီးပွားရေး အသိုက် အဝန်း(အေအီးစီ)၂၀၂၅ အကောင် အထည် ဖော်ရေးလုပ်ငန်း ကော်မတီများ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ဗီဒီ ယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပ သည်။
အစည်းအဝေးသို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦး၊ လုပ်ငန်းကော်မတီ ၂၂ ခုမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများမှ တက် ရောက်ကြသည်။
လုပ်ငန်းစီမံချက်
ပြန်လည်ရေးဆွဲမည်
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက ယခုအစည်း အဝေးသည် စက်တင်ဘာလတွင် ကျင်းပမည့် (၅၃)ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့်ဆက်စပ်အစည်း အဝေးများအတွက်ကြိုတင်ညှိနှိုင်း ခြင်းဖြစ်ကြောင်း၊ အာဆီယံစီးပွား ရေးအသိုက်အဝန်း (အေအီးစီ)- ၂၀၂၅ ပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက် မှုတွင် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်မှုများကို သတ်မှတ် ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ အာဆီယံ၏ ပြောင်းလဲ လာသည့် လုပ်ငန်းစဉ်များအရ လုပ်ငန်း ကော်မတီများကို ကျစ်ကျစ်လစ်လစ် ပြန်လည် ဖွဲ့စည်းပြီး ဌာနအလိုက်လုပ်ငန်း တာဝန်များကို တိတိကျကျ ပြန်သတ်မှတ်ပေးကာ လုပ်ငန်းစီမံ ချက် ပြန်လည်ရေးဆွဲသွားမည် ဖြစ်ကြောင်း။
အေအီးစီ ၂၀၂၅ အကောင် အထည်ဖော်မှုနှင့် စပ်လျဉ်း၍ အာဆီယံ ဒေသတစ်ခုလုံးအနေ ဖြင့် ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်ရန် ဦးစားပေးလုပ်ငန်း ၁၄၈ခုကို ချမှတ်ထားပြီး ဇွန်လ ကုန်အထိ ၆၇ ခုကို အကောင် အထည် ဖော်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံ တည်း သီးသန့်ဆောင်ရွက်ရန် လုပ်ငန်းအနည်းငယ်သာကျန်ရှိနေသည်ကို တွေ့ရကြောင်း၊ အဆိုပါလုပ်ငန်းများသည်လည်း ဆောင်ရွက်ဆဲလုပ်ငန်းများဖြစ်၍ မြန်မာတစ်နိုင်ငံတည်း ကျန်ရှိနေ ခြင်းမဖြစ်အောင် ကြိုးပမ်းဆောင် ရွက်သွားရန် တိုက်တွန်းလို ကြောင်း။
ထို့ပြင် အာဆီယံက ဆောင် ရွက်ခဲ့သည့် အေအီးစီလမ်းပြမြေပုံ ၂၀၂၅ ၏ ကာလလယ် (Mid Term Review) ကို အခြေခံ၍ ထိရောက် သည့် အကောင်အထည်ဖော် ဆောင်မှုဖြစ်စေရန် ကျန်ကာလ များတွင် အကောင်အထည်ဖော် ရာ၌ လိုအပ်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကဏ္ဍအလိုက် အကောင်အထည် ဖော်မှုများကို လည်း scorecard ဖြင့် တိုင်းတာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
အာဆီယံအနေဖြင့် ယခုနှစ် အတွင်း ချုပ်ဆိုမည့် စာချုပ်များ ချုပ်ဆိုနိုင်ရေးအတွက် ပြည်တွင်း လုပ်ထုံးလုပ်နည်းများ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လက်မှတ်ရေးထိုးပြီး စာချုပ်များ အသက်ဝင်ရေးအတွက် လိုအပ် သည့် ပြည်တွင်း လုပ်ထုံး လုပ်နည်းများကို ဆောလျင်စွာ ဆောင်ရွက်သွားရန် အရေးကြီး ကြောင်း၊ လုပ်ငန်းအဖွဲ့များ၏ အကောင်အထည်ဖော်မှုများတွင် လိုအပ်သည့် လမ်းညွှန်ချက်များ ရရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေး မှာကြားသည်။
ပူးပေါင်းဆောင်ရွက် သွားမည်
ထို့နောက် ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို ကုစားနိုင် ရန်အတွက် အာဆီယံတွင် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည် ထူထောင်ရေးကြိုးပမ်းမှု မူဘောင် ရေးဆွဲထားပါကြောင်း၊ မူဘောင် တွင် အာဆီယံအသိုက်အဝန်း တစ်ခုလုံးနှင့် သက်ဆိုင်သည့် အကောင်အထည် ဖော်ရမည့် လုပ်ငန်းစဉ် စုစုပေါင်း ၁၈၅ ခု ပါဝင်ကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်နှင့် ဆက် နွှယ်နေသည့် လုပ်ငန်းစဉ် ၆၀ ပါရှိပြီး အာဆီယံဒေသအနေဖြင့် ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းအများစု ဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည် ဖော်မှုနှင့် စပ်လျဉ်း၍ လိုအပ်သည့် နည်းပညာနှင့် ငွေကြေးအကူအညီ များကိုလည်း ဖွံ့ဖြိုးမှုမိတ်ဖက် များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြော ကြားသည်။
ယင်းနောက် ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဝါဝါမောင်က အာဆီယံအဆင့်မြင့် စီးပွားရေး အရာရှိများ အစည်းအဝေး (၃/၅၂) ကြိမ်မြောက် အစည်းအဝေး၌ ဆွေးနွေးညှိနှိုင်းမှုများနှင့် မြန်မာ နိုင်ငံအနေဖြင့် ဆက်လက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် လုပ်ငန်းကော်မတီ အသီးသီး၏ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက သက်ဆိုင် ရာ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း စဉ်များ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက် ပေးစေလို သည့်ကိစ္စရပ်များကို တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်