အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

နေပြည်တော်    မတ်   ၂၃


အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး   မစ္စတာ ပရပ် ဆုတ်ခွန်းသည်   ယနေ့နံနက်ပိုင်းတွင်   ရန်ကုန်မှ ပြန်လည်ထွက်ခွာသည်။


အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့်   နိုင်ငံခြားရေး ဝန်ကြီးဌာနမှ         အဆင့်မြင့်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌   ပို့ဆောင် နှုတ်ဆက်ကြသည်။


အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သည်  မတ်  ၂၂ ရက် နံနက် ပိုင်းက  ရန်ကုန်မြို့ရှိ   ကုလသမဂ္ဂအထူးအေဂျင်စီ များနှင့်လည်းကောင်း၊ ပြည်သူ့ပါတီဥက္ကဋ္ဌနှင့်လည်း ကောင်း   သီးခြားစီတွေ့ဆုံခဲ့ပြီး   မွန်းလွဲပိုင်းတွင် မြန်မာ့ကြက်ခြေနီအသင်း၏   လူသားချင်းစာနာ ထောက်ထားမှုအကူအညီအဖြစ် လှူဒါန်းထားသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများထားရှိရန် သိုလှောင်ရုံသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ကြောင်းနှင့် ညနေပိုင်း တွင်  ရန်ကုန်မြို့ရှိ  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ ညစာ သုံးဆောင်ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်