
နေပြည်တော် ဧပြီ ၅
အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အကြား အစားအစာဘေးအန္တရာယ် ကင်းရှင်းစေရေးဆိုင်ရာ သတင်း အချက်အလက်များ ဖလှယ်ခြင်း၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း နှင့်စပ်လျဉ်းသည့် အာဆီယံအစား အစာနှင့် တိရစ္ဆာန်အစာဘေးကင်း လုံခြုံရေးဆိုင်ရာ လျင်မြန်စွာလှုံ့ ဆော်မှုစနစ် ( ASEAN Rapid Alert System for Food and Feed-ARASFF) ဆိုင်ရာ လက်ရှိဆောင် ရွက်နေသည့် ကိစ္စရပ်များ၊ ကြုံတွေ့ ရသည့်အခက်အခဲများ၊ ရှေ့ ဆက်လက်ဆောင်ရွက်မည့် ကိစ္စ ရပ်များအား ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ASEAN အဖွဲ့ဝင်နိုင်ငံ များမှ အိမ်ရှင်နိုင်ငံအဖြစ် အက္ခရာ စဉ်အတိုင်း နှစ်စဉ် အလှည့်ကျ လက်ခံကျင်းပ ဆောင်ရွက်လျက် ရှိရာ အာဆီယံအစားအစာနှင့် တိရစ္ဆာန်အစာဘေးကင်းလုံခြုံရေးဆိုင်ရာ လျင်မြန်စွာလှုံ့ဆော်မှု စနစ် (၉) ကြိမ်မြောက် National Contact Points နှင့် (၇) ကြိမ် မြောက် Steering Committee အစည်းအဝေးများကို ဧပြီ ၄ ရက် နှင့် ၅ ရက်တို့တွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် အွန်လိုင်းမှ တစ်ဆင့် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးများ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံ ကိန်းဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန္တာကြည် က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီး ဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူ ရေးရာဦးစီးဌာနတို့မှ ကိုယ်စားလှယ် များ ပါဝင်တက်ရောက်ခဲ့ကြ ကာ အစားအစာဘေးကင်းရေး ပူးပေါင်းဆောင်ရွက်ရာတွင် အဖွဲ့ ဝင်နိုင်ငံများအသီးသီးမှ လုပ်ငန်း ရပ်များနှင့် အစားအစာဘေးကင်း ရေးဆိုင်ရာ အလျင်အမြန်သတိပေး သည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်