ခရစ္စတီယာနိုရော်နယ်လ်ဒိုက ဆာအဲလက်စ် ဖာဂူဆန်နဲ့ မော်ရင်ညိုတို့ နည်းပြနှစ်ယောက်အား တန်ဖိုးကြီးကားများဖြစ်သည့် ဖာရာရီနဲ့ ပေါ်ရှေကားတို့ဖြင့် ခိုင်းနှိုင်း

ဆာအဲလက်စ် ဖာဂူဆန်နဲ့ မော်ရင်ညိုတို့ နည်းပြနှစ်ယောက်မှာ ဘယ်သူက ပိုကောင်းပါသည် လည်းဟု့မေးမြန်းခဲ့မှုအပေါ် ခရစ္စတီယာနိုရော်နယ်လ်ဒိုက တန်ဖိုးကြီးကားများဖြစ်သည့် ဖာရာရီနဲ့ ပေါ်ရှေကားတို့ဖြင့် ခိုင်းနှိုင်းသုံးစွဲပြီး ရည်ညှွှန်းဖွဲ့ဆို ပြောကြားခဲ့ပါတယ်။ ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ (၂၀၀၃)ခုနှစ်က စပို့တင်းလစ္စဘွန်း အသင်းကနေ မန်ယူအသင်းကို ရောက်ရှိလာတာဖြစ်ပြီး ဆြာအဲလက်စ်ရဲ့ လက်အောက်မှာ (၆)နှစ်တာမျှ ကစားခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရှှေ့ခဲ့ပြီး၊ (၂၀၁၀)မှာ ရီးရဲလ်နည်းပြဖြစ်လာတဲ့ “စပယ်ရှယ်၀မ်း”မော်ရင်ညိုရဲ့လက်အောက်မှာ (၂)ရာသီလောက် ကစားခဲ့ပြီးပါပြီး။ ။

ဖာဂူဆန်နှင့်မော်ရင်ညိုတို့နဲ့ ပတ်သက်ပြီး ရော်နယ်လ်ဒိုက “သူတို့နှစ်ယောက်ကို ယှဉ်တွဲပြီးတော့ ပြောလို့တော့ မရပါဘူး၊ ဒါပေမယ့် ခိုင်းနှိုင်းပြီးပြောရရင်တော့ ဖာရာရီ ကားတစ်စီးနဲ့ ပေါ်ရှေကား တစ်စီးလိုပါပဲ။ သူတို့နှစ်ယောက်လုံးဟာ အရမ်းတော်ကြသလို၊ အရမ်းလည်း အတွေ့အကြုံ ရှိခဲ့ကြပြီး၊ နှစ်ယောက်လုံးဟာ အောင်မြင်ကြပါတယ်။ ကျွန်တော်ဆိုလိုတာက အရာအားလုံးကို အောင်မြင်တာကို ပြောတာနော်။ ဒါကြောင့်မို့ပဲ သူတို့ နှစ်ယောက်လုံးဟာ အချိန်တော်တော်များများမှာ ချန်ပီယံ ဆုဖလား တွေကို ရရှိခဲ့ကြတာပေါ့” ဟု The Sun သတင်းစာကို ပြောကြားခဲ့ပါတယ်။ ။

 (၂၀၀၉)ခုနှစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရှှေ့ကြေး တစ်ရပ်ဖြစ်သည့် ပေါင်သန်း(၈၀)ဖြင့် ရော်နယ်လ်ဒို ဟာ ရီးရဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရှှေ့ခဲ့ပြီး နောက်ပိုင်း ယခုတစ်ကြိမ် ချန်ပီယံလိဂ်မှာ ဒီနှစ်သင်း ဆုံတွေ့တာကြောင့် ရော်နယ်လ်ဒိုဟာ ရီးရဲလ်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အသင်းဟောင်း မန်ယူအသင်းနဲ့ ပြန်လည်ရင်ဆိုင် ရပါတော့မယ်။ ။

ဆက်လက်ပြီး ရော်နယ်လ်ဒိုက “မန်ချက်စတာက ကျွန်တော့်ရဲ့အိမ် ဖြစ်ခဲ့သလို အခုထိတိုင် ကျွန်တော့် နှလုံးသားမှာ စွဲနေဆဲပါ။ ဒီနေရာလေးကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ ဘာကြောင့်လို့လည်းဆိုတော့ ခင်ဗျားအရမ်းကောင်းကြောင်း လူတွေက ပြောဆိုကြမယ်ဆိုရင် ခင်ဗျားလည်း အဲ့ဒီအရာကို ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ ဒီလိုမျိုးပဲ ကျွန်တော့်နဲ့ အတူလက်တွဲခဲ့တဲ့ သူတွေရှိတဲ့နေရာနဲ့ ကျွန်တော့်ကို အားပေးထောက်ခံသူတွေ ရှိနေတဲ့ ဒီမန်ချက်စတာယူနိုက်တက်ကို ကျွန်တော် ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက်တော့ ဒီနေရာကို ပြန်သွားရမှာ တစ်ကယ့်ကို နှစ်ထောင်း အားရစရာတစ်ခုအဖြစ် ကျေနပ်နှစ်သက်စရာ တစ်ခု ဖြစ်လာပါလိမ့်မယ်။

အမှန်တစ်ကယ်ပဲ အဲ့ဒီနေရာမှာ စိတ်လူပ်ရှားစရာတွေ အများကြီး ရှိနေလိမ့်မယ်ဆိုတာ ကျွန်တော် သိထားပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဖိအားဖြစ်လာမှာ မဟုတ်ပါဘူး၊ အရာအားလုံး ဘာဖိအားမှ ရှိမနေပါဘူး။ ဒါက ကစားပွဲ တစ်ပွဲပဲ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အသင်းဟောင်းနဲ့ ဘောလုံးပွဲစဉ်တစ်ပွဲ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်ဟာ စစ်ပွဲတစ်ပွဲကို ရင်ဆိုင်ဖို့သွား နေတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကိုယ့်အိမ် ကိုယ့်ယာကို ပြန်သွားနေတာပါ။ ပြီးတော့ ရှေ့ဆက် ရမယ့် ကိစ္စတွေကိုပဲ အာရုံစိုက်ထားပါတယ်။

ပွဲစဉ်မဲခွဲတဲ့ နေ့က ကျွန်တော်က လေ့ကျင့်ရေး အစီအစဉျမှာ ရှိနေခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သွားကစားရမယ်ဆိုတာ သိရတော့ ကျွန်တော့်စိတ်ထဲမှာ အရမ်းကို ပြင်းထန်တဲ့ ခံစားမှူ့တွေ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီမဲခွဲရလဒ်က ကျွန်တော့်အတွက် အရမ်းကို ပျော်ရွှင်စရာ ဖြစ်ခဲ့ပါတယ်။ မက်ဒရစ်နဲ့ ယူနိုက်တက် နှစ်သင်းလုံးဟာ ကမ္ဘာပေါ်က အကြီးကျယ်ဆုံး အသင်းနှစ်သင်း ဖြစ်ကြသလို နိုင်ချေ ဟာလည်း (၅၀-၅၀) ရာနှုန်းစီနဲ့ ဆတူပါပဲ။ တစ်သင်းမဟုတ် တစ်သင်းတော့ ရှေ့ခရီးလမ်း ဆက်လျောက် နိုင်ပါလိမ့်မယ်” ဟု့ပြောဆိုခဲ့သည်။ ။