စပွန်ဆာ တံဆိပ် Aon မှ စီစဉ်သော ၂၀၁၃ ရာသီကြို ခရီးစဉ် အတွင်း အာရှ စီးပွားရေးမြို့ ဟောင်ကောင်၌ ကစ်ချီး ဘောလုံးကလပ် အသင်းနှငရာသီကြို ခြေစမ်းပွဲ ကစားမည်ဖြစ်ကြောင်း အသင်း၀က်ဆိုဒ်မှ မန်ယူအသင်း၏ အလုပ်အမှု ဆောင်ချုပ် ဒေးဗစ်ဂီးမှ တရား၀င် ကြေငြာ

မန်ချက်စတာ ယူနိုက်တက် အသင်း စပေါ်ဆာ တံဆိပ် Aon မှ စီစဉ်သော ၂၀၁၃ ရာသီကြို ခရီးစဉ် အတွင်း အာရှ စီးပွားရေးမြို့ ဟောင်ကောင်၌ ကစ်ချီး ဘောလုံးကလပ် အသင်းနှင့် မန်ချက်စတာ ယူနိုက်တက် ပထမအသင်း တို့သည်ဇူလိုင် (၂၉)ရက်နေ့တွင် ဟောင်ကောင် အားကစား ကွင်းကြီး၌ ရာသီကြို ခြေစမ်းပွဲ ကစားမည်ဖြစ်ကြောင်း အသင်း၀က်ဆိုဒ်မှ မန်ယူအသင်း၏ အလုပ်အမှု ဆောင်ချုပ် ဒေးဗစ်ဂီးမှ  တရား၀င် ကြေငြာလိုက်သည်။

မန်ယူအသင်း၏ အလုပ်အမှုဆောင်ချုပ် ဒေးဗစ်ဂီးမှ -“တရုတ်ပြည် အထူးသဖြင့် ဟောင်ကောင်မှ ကလပ်အပေါ် အံ့သြစရာကောင်း လောက်အောင် အားပေးထောက်ခံ မှုရှိနေ ပါတယ်။လွန်ခဲ့တဲ့ (၈)နှစ်က တခါ ဟောင်ကောင်ကို သွားရောက် ခဲ့ပြီးပါပြီ အခု ဒီနှစ်လည်း ထပ်ပြီး သွားရောက်ဖို့ရှိပါတယ်။ ကျွန်တော်တို့ ရှေ့ဆက် ရာသီအတွက် အရေးကြီးဆုံးတွေ ပြင်ဆင်ရင်း ကျွန်တော်တို့ရဲ့ စီးပွားရေး မဟာမိတ်တွေ ကျွန်တော်တို့ အသင်း အပေါ် ယခုထိ သစ္စာရှိစွာအားပေးနေတဲ့ ပရိသတ်တွေနဲ့ ကျွန်တော်တို့ ရှေ့ဆက်လက်တွဲသွားဖို့လဲ မျှော်လင့်ထား ပါတယ် ” ဟု ပြောကြားသွားသည်။

ကစ်ချီးဘောလုံး အသင်းဥက္ကဌ မစ္စတာ ကင်ကေနန်မှ -“(၈)နှစ်လောက် မတွေ့ဖြစ်တော့တဲ့ မန်ချက် စတာယူနိုက်တက်အသင်းကြီးကို ကျွန်တော်တို့ ကစ်ချီး အသင်းမှ ကြိုဆိုပါတယ်။ မန်ချက်စတာယူနိုက်တက် ဟာ ဟောင်ကောင်အတွက် အကောင်းဆုံး ပံ့ပိုးပေးတဲ့တဲ့ ဘောလုံး ကလပ်အသင်း တစ်သင်းဆိုတာ ယုံမှား သံသယဖြစ် စရာမလိုပါဘူး။ ဒီဒေသတွင်း အသင်း ပရိတ်သတ် အင်အားစုကလဲ အံ့မခန်းပါပဲ။ ဒါကြောင့် ဒီခရီး စဉ်ဟာ ဟောင်ကောင် အတွက် တကယ်ကို ကြီးကျယ်တဲ့ ခရီးဖြစ် ပါတယ်။ ဟောင်ကောင်မှာ တွေ့ဆုံမည့် မန်ယူ နှင့် ကစ်ချီးပွဲစဉ်ဟာလည်း ပရီးမီးယား အပတ်စဉျပွဲတွေလို စိတ်လှုပ်ရှားတဲ့ ပွဲကောင်းတပွဲဖြစ်လာပါလိမ့်မယ်။ နောက် ဟောင်ကောင်ပြည်သူတွေအတွက်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ နိုင်ငံတကာပြိုင်ပွဲကောင်း တစ်ပွဲ ကျင်းပပေးနိုင်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။ ကစ်ချီးအသင်း ဥက္ကဌတစ်ယောက် အနေနှင့် ဒီခရီးစဉ်ဖြစ် မြောက်အောင် ဆောင်ရွက်ပေးတဲ့ Mega Event Fund ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ရှိပါတယ်။”ဟု မှတ်ချက် ပြုပြောကြားသွားသည်။