ပြင်ဦးလွင်၌ မိုးသည်းထန်ပြီး မိုးသီးကြွေ

ပြင်ဦးလွင်၌ မိုးသည်းထန်ပြီး မိုးသီးကြွေ

ပြင်ဦးလွင် စက်တင်ဘာ ၂၄

 

ပြင်ဦးလွင်မြို့တွင် ယနေ့မွန်းလွဲ ၂ နာရီက မိုးသားများမည်းမှောင်လာပြီး လေပြင်းကျရောက်တိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရှိသစ်ပင်ကြီးများပြိုလဲ၍ ကားလမ်းပေါ် ကျရောက်သဖြင့် လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သည်။ ပြင်ဦးလွင်မြို့လယ် မန္တလေး-လားရှိုးလမ်းမပေါ်ရှိ ရပ်ကွက်ကြီး (၄)တွင် မိုးသီးများ နေရာကွက်၍ကြွေကျခဲ့ကြောင်း သိရှိရသည်။ (၁၇၇)