(၉၅)ကြိမ်မြောက် ညောင်လေးပင်မြို့လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဒေသစာရီလှည့်လည်ပူဇော်ပွဲ အစဉ်အလာမပျက်ကျင်းပ

 

ညောင်လေးပင်  ဇန်နဝါရီ  ၁၆


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့လုံးဆိုင်ရာ  နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓ ပူဇနိယပွဲတော်ကို      ယခုနှစ် တွင်    လူစုလူဝေး  မဖြစ်စေရန် အတွက်      မော်တော်ယာဉ်များ ဖြင့်သာ  ဇန်နဝါရီ   ၁၅  ရက် မှ ၁၆ ရက်အထိ နှစ်ရက်တိုင် နံနက်  ၆ နာရီမှစ၍ မနက်ပိုင်းအစဉ်အလာ မပျက်(၉၅) ကြိမ်မြောက် ဒေသ စာရီလှည့်လည်ပူဇော်ပွဲ   ကျင်းပ ပြုလုပ်သည်။

 


ညောင်လေးပင်မြို့၌   မြို့သူ မြို့သားများ    ဘေးအန္တရာယ် ခပ်သိမ်းကင်းငြိမ်းစေရန်   နှစ်စဉ် ကျင်းပမြဲဖြစ်သော  နှစ်ကျိပ်ရှစ်ဆူ ဘုရားများ ဒေသစာရီပင့်ဆောင်ရာ တွင်   ယခင်နှစ်များက   ညနေ  ၅   နာရီမှစ၍      လမ်းရပ်ကွက် အသီးသီးမှ သာသနာ့အကျိုးတော် ဆောင်များ၊   ပရိတ်အသင်းအဖွဲ့ များ လိုက်ပါလျက် အန္တရာယ်ကင်း ဗုဒ္ဓဒေသနာတော်လာ တရားတော် များကို   ရွတ်ဆိုပူဇော်ခဲ့ကြသော် လည်း   ယခုနှစ်တွင်   ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်  လူစုလူဝေးများ ဖြင့်   ဆောင်ရွက်ရန်မသင့်သော ကြောင့်  (၉၅) ကြိမ်မြောက် နှစ်ကျိပ် ရှစ်ဆူဒေသစာရီလှည့်လည်ပူဇော် ပွဲကို  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ နံနက် ၆ နာရီ တွင်    မော်တော်ယာဉ်များဖြင့် ဘုရားများပင့်ဆောင်ကာ   မဟာ ပဋ္ဌာန်းနှင့်  ပရိတ်ကြီးများဖွင့်၍ ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက် နှစ်ရက်သာ ဒေသစာရီလှည့်လည် ပူဇော်ခြင်းဖြစ်သည်။

 


ယခင်နှစ်များက   ဒေသစာရီ လှည့်လည်  ပူဇော်ရာတွင်  လမ်း ရပ်ကွက်အသီးသီးသို့  လေးရက် တိုင်တိုင်    လှည့်လည်ပူဇော်ခဲ့ကြ သော်လည်း  ၂၀၂၁ ခုနှစ်နှင့် ယခု ၂၀၂၂ ခုနှစ်တို့တွင်  နှစ်ရက်သာ ရပ်ကွက် လမ်းအသီးသီးသို့ ဒေသ စာရီ      လှည့်လည်ပူဇော်‌ခဲ့​​ကြရာ မြို့သူ  မြိ​ု့သားများက ပန်း၊ နံ့သာ၊ ဆီမီးများဖြင့်         စဉ်လာမပျက် လှူဒါန်း  ပူဇော်ဆုတောင်းကြရာပူဇော်ရေးအဖွဲ့မှ အန္တရာယ်ကင်းပရိတ်ကြိုးများကိုလည်း   ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။


နေလင်း(ညောင်လေးပင်)