
နေပြည်တော် နိုဝင်ဘာ ၃၀
(၈)ကြိမ်မြောက် သတင်းမီဒီယာ နှင့် သင်တန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး(8th ASEAN SOMRI Working Group on Information, Media and Training- 8th WG IMT)ကို အင်ဒိုနီးရှားနိုင်ငံ Novo-tel Hotel တွင် ယနေ့ နံနက်ပိုင်းက Hybrid စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံကိုယ်စားပြု WG-IMT ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန မှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော် ဦးဆောင်၍ မြန်မာ ကိုယ်စားလှယ်များက နေပြည် တော်-တပ်ကုန်းနှင့် ရန်ကုန်ရှိ သက်ဆိုင်ရာရုံးများမှ အွန်လိုင်း မှတစ်ဆင့် ပါဝင်တက်ရောက် ဆွေးနွေးကြသည်။
အစည်းအဝေးသို့ လက်ရှိ WG-IMT ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံမှ တာဝန်ရှိသူများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ကျင်းပ ပြီးစီးခဲ့သည့် အာဆီယံအစည်း အဝေးများမှ အာဆီယံသတင်း မီဒီယာနှင့် သင်တန်းကဏ္ဍဆိုင်ရာ အဖွဲ့ (SOMRI WGIMT) ဆိုင်ရာ အစည်းအဝေးဆုံးဖြတ်ချက်များ၊ အာဆီယံသတင်းအချက်အလက် နှင့် မီဒီယာကဏ္ဍဆိုင်ရာ မဟာ ဗျူဟာလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅)၏ လုပ်ငန်းဖြစ်ပေါ်တိုးတက် မှုများ၊ အာဆီယံပေါင်းစည်း ဆက်သွယ်ရေး မဟာဗျူဟာစီမံ ချက်(၂၀၁၈-၂၀၂၅) ၏ လက်ရှိ ဆောင်ရွက်နေသည့် အစီအစဉ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ သတင်းတု/သတင်းမှား တိုက်ဖျက် ရေးအဖွဲ့ (ASEAN Task force on Fake News) ဆိုင်ရာ လုပ်ငန်း စီမံချက်များ၊ အာဆီယံ-ဩစတြေးလျနိုင်ငံရေးနှင့် လုံခြုံ ရေးဆိုင်ရာ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းစီမံချက် အပေါ် ဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
အစည်းအဝေးသို့ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး တို့မှ ကိုယ်စားလှယ်များက လူကိုယ်တိုင်ဖြင့် လည်းကောင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များ က အွန်လိုင်းစနစ်ဖြင့်လည်း ကောင်း ပါဝင်တက်ရောက်ကြပြီး (၉)ကြိမ်မြောက် သတင်းမီဒီယာ နှင့် သင်တန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး(9th ASEAN SOMRI Working Group on Information, Media and Training-9th WG IMT)အား အင်ဒိုနီးရှားနိုင်ငံက ဆက်လက် တာဝန်ယူကျင်းပ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်