(၈၂) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

 

နေပြည်တော်  အောက်တိုဘာ ၂၀  


(၈၂) ကြိမ်မြောက်   အာဆီယံသိပ္ပံ၊ နည်းပညာနှင့်  တီထွင်ဆန်းသစ်မှု ကော်မတီအစည်းအဝေး      (The 82nd Meeting of  ASEAN Commi-ttee on  Science,  Tech-nology and Innovation-COSTI)   နှင့် ဆက်စပ်   အစည်းအဝေးများကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ကြီးမှူး၍     ဗီဒီယိုကွန်ဖရင့်ဖြင့်  အောက်တိုဘာ ၁၉ ရက်မှ ၂၀ ရက် အထိ ကျင်းပရာ အဆိုပါ ကော်မတီ ၏      မြန်မာနိုင်ငံဆိုင်ရာဥက္ကဋ္ဌ သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  ဒေါက်တာ စိုင်းကျော်နိုင်ဦး   တက်ရောက်ခဲ့ သည်။

 


အစည်းအဝေးတွင်  အာဆီယံ ဆိုင်ရာ   အခြားဆက်စပ်အစည်း အဝေးများနှင့်  ရလဒ်များအပေါ်သုံးသပ်ဆွေးနွေးခြင်းကို   ဦးစွာ ဆောင်ရွက်ပြီး    အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီ၏ ရန်ပုံငွေထားရှိ ခွဲဝေ သုံးစွဲမှုအခြေအနေနှင့်    မိတ်ဖက် အဖွဲ့အစည်းများမှ    ထောက်ပံ့ ထားရှိမှု၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍        စီမံကိန်းများ ဆောင်ရွက်ထားရှိမှု၊      သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ဆိုင်ရာ    ဆပ်ကော်မတီများ၏ ဆောင်ရွက်ထားရှိမှု၊  ၂၀၂၂ ခုနှစ် အတွင်း      ကော်မတီအနေဖြင့် ဦးစားပေးဆောင်ရွက်မည့် စီမံကိန်း များ၏ ဆောင်ရွက်ထားရှိမှု အခြေ အနေနှင့်   ၂၀၂၃   ခုနှစ်အတွင်း ဆောင်ရွက်မည့်   စီမံကိန်းတို့နှင့် စပ်လျဉ်း၍   ဆွေးနွေးခဲ့ကြသည်။ 

 


အဆိုပါ  အစည်းအဝေးတွင် ASEAN China Country Coordi-nator  ဖြစ်သည့်   မြန်မာနိုင်ငံက အာဆီယံနှင့်     တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့အကြား    ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်   စီမံကိန်း များ၊  အစီအစဉ်များ၏ တိုးတက် မှုကို တင်ပြဆွေးနွေးသည်။

 


အစည်းအဝေးသို့    အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ   တာဝန်ရှိ သူများ၊ ဘရူနိုင်းဒါရူဆလမ်၊ ကမ္ဘော ဒီးယား၊    အင်ဒိုနီးရှား၊   လာအို၊ မလေးရှား၊ ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့်     ဗီယက်နမ်  စသည့် အာဆီယံနိုင်ငံများမှ သက်ဆိုင်ရာ နိုင်ငံအလိုက်  ကော်မတီဥက္ကဋ္ဌများ၊ မိတ်ဖက်အဖွဲ့စည်းများမှ ကိုယ်စား လှယ်များ    တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။    

သတင်းစဉ်