
နေပြည်တော် ဒီဇင်ဘာ ၁၅
(၈) ကြိမ်မြောက် အာရှ-ဥရောပ ပညာရေးဝန်ကြီးများ အစည်း အဝေးကို ယနေ့မွန်းလွဲ ၃ နာရီ တွင် ထိုင်းနိုင်ငံ ပညာရေးဝန်ကြီး ဌာနက ဦးဆောင်ကျင်းပရာ အာရှနှင့် ဥရောပ ၄၇ နိုင်ငံမှ ပညာရေးဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြပြီး ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့် နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရှေးဦးစွာ ထိုင်းနိုင်ငံ ပညာရေးဝန်ကြီး H.E. Treenuch Thienthong က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် လာမည့်ဆယ်စုနှစ် အတွက် အာရှ-ဥရောပ ပညာရေး ဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက် (၄)ရပ်အပေါ် အာရှနှင့် ဥရောပ ပညာရေးဝန်ကြီးများက မိန့်ခွန်း အသီးသီး ပြောကြားရာ မြန်မာ နိုင်ငံကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်က ဘဝ တစ်သက်တာသင်ယူမှု မြှင့်တင် ရေး ရည်မှန်းချက်ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။
ဆက်လက်၍ အာဆီယံ-ဥရောပပညာရေး မဟာဗျူဟာ ၂၀၃၀ အတွက် ပူးပေါင်းဆောင် ရွက်ရေးခေါင်းစဉ်ဖြင့် ပညာ ရေး ဝန်ကြီးများ၏ စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပသည်။ ထို့နောက် အာရှ-ဥရောပ ပညာ ရေး မဟာဗျူဟာနှင့် လုပ်ငန်းစဉ် ၂၀၃၀ ကို အတည်ပြုခဲ့ကြောင်း သိရသည်။
သတင်းစဉ်