(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်    မတ်    ၂၃


(၇၇)နှစ်မြောက်တပ်မတော်နေ့ကို   ဂုဏ်ပြု ကြိုဆိုသောအားဖြင့်  စေတနာရှင် အလှူရှင်များက ဂုဏ်ပြုအလှူငွေများ   ပေးအပ်လှူဒါန်းပွဲကို  ယနေ့ မွန်းလွဲပိုင်းတွင်   နေပြည်တော်   စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ  ဆင်ဖြူရှင်ခန်းမ၌  ကျင်းပ သည်။


တက်ရောက်


အဆိုပါ အလှူငွေပေးအပ်ပွဲသို့ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ရေးချုပ်   ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်နေ့စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်ရဲကျော်သူနှင့် စစ်ကြောင်းမှူးများ၊ အလှူရှင် များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ   (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  ကုမ္ပဏီ ၁၇၆ ခုနှင့် စေတနာရှင်အလှူရှင်များက   ဂုဏ်ပြုအလှူငွေ စုစုပေါင်းငွေကျပ် ၇၅၈၀၈၀၀၀၀ ကို ပေးအပ်လှူဒါန်း ကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊  တပ်မတော်နေ့ကျင်းပရေးစစ်ရေးပြ လုပ်ငန်း အဖွဲ့ဥက္ကဋ္ဌ ဒုတိယ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်  ဗိုလ်ချုပ် ကိုလေး၊   တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူတို့က လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြသည်။


ထို့နောက်  အလှူရှင်များကိုယ်စား  အလှူရှင် တစ်ဦးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍  ရှင်းလင်း ပြောကြားပြီး   စစ်ရေးချုပ်  ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက   ကျေးဇူးတင်စကား   ပြန်လည် ပြောကြားသည်။


ဂုဏ်ပြုအလှူငွေ ပေးအပ်လှူဒါန်းပွဲအပြီးတွင် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ 
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက တက်ရောက်လာကြသူများအားရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက်ခဲ့ကြောင်း  သိရ သည်။                                              

သတင်းစဉ်