(၇၇)နှစ်မြောက်တပ်မတော်နေ့ ကြိုဆိုဂုဏ်ပြု သုံးခွမြို့ သောက်သုံးရေဖူလုံရေး ရေကူဖြည့်တင်းခြင်းလုပ်ငန်းဖွင့်ပွဲကျင်းပ

 

နေပြည်တော်   မတ်  ၁၈


(၇၇) နှစ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့်  ရန်ကုန်တိုင်းဒေသကြီး  သုံးခွမြို့  သောက်သုံးရေဖူလုံစေရေးအတွက် ရေကူဖြည့်တင်း ခြင်းလုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ နေရာ၌     ပြုလုပ်ရာ    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်  ညွန့်ဝင်းဆွေနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ မှ  တာဝန်ရှိသူတစ်ဦးက   ရေကူဖြည့်တင်းခြင်း လုပ်ငန်း  ဆောင်ရွက်ထားရှိမှုကို  ရှင်းလင်းတင်ပြ သည်။  ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်း  ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး အမွှေး နံ့သာရည်များ ပက်ဖျန်းပေးကာ လုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကြသည်။

 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့်  တာဝန်ရှိသူများသည်  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးခန်းမ၌  ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်  မြို့မိမြို့ဖများအားလည်းကောင်း၊  သုံးခွ မြို့နယ်ပြည်သူ့ဆေးရုံရှိ    တာဝန်ရှိသူများအား လည်းကောင်း သွားရောက်တွေ့ဆုံ၍ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးရုံတွင် အသုံး ပြုရန်အတွက် အလှူငွေများပေးအပ်သည်။

 


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့်    တာဝန်ရှိသူများသည်   သန်လျင်မြို့နယ် ဆောက်လုပ်ရေးဝန်ကြီးဌာန     လမ်းဦးစီးဌာနက  တာဝန်ယူဆောင်ရွက်လျက်ရှိသော  သူဌေးကွင်း-ပုဂံတောင်-ဖားကူး-မောင်းမလမ်းပိုင်း အကျယ် ၁၈  ပေ၊ အရှည် ၁၈ မိုင် ၄ ဖာလုံရှိ လမ်းခင်းကျင်း ဆောင်  ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေးပြီး  တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များ     ပေါင်းစပ်ညှိနှိုင်း     ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်