
နတ်မောက် မတ် ၁၈
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက နတ်မောက်မြို့၌ တည်ဆောက်ပြီးစီးသည့် လူထုအခြေပြု ဗဟိုဌာန(Community Centre) အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ အဆောက်အအုံသစ်ရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ မကွေးတိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ မြို့မိမြို့ဖ ဦးဉာဏ်ရှိန် နှင့် ဒေါ်ကြည်မြင့်တို့က လူထု အခြေပြုဗဟိုဌာန ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး ကြသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်း အနား၌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာ စကားပြောကြားရာတွင် (၇၇)နှစ် မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မကွေးတိုင်း ဒေသကြီးအတွင်း နတ်မောက် မြို့နယ်၌ ပထမဆုံးဖွင့်လှစ်နိုင်ခဲ့ သည့် လူထုအခြေပြုဗဟိုဌာန ဖြစ်၍ များစွာဂုဏ်ယူဝမ်းမြောက် မိပါကြောင်း၊ လူကြီး၊ လူငယ်များ နှင့် ကျောင်းသား ကျောင်းသူများ (လူမျိုးဘာသာမရွေး) အသိပညာ ဗဟုသုတတိုးပွားစေရန် စာကြည့် တိုက်များ ဖွင့်လှစ်ထားရှိပြီး အများပြည်သူ သတင်းအချက် အလက်ရရှိနိုင်ရန်နှင့် အသိပညာ ပေးလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ စာကြည့်တိုက်များကို ပြည်သူများ အသိပညာ ရှာမှီးရာနေရာ၊ သတင်းအချက်အလက် ရှာဖွေရာ နေရာ၊ တိုင်းကျိုးပြည်ကျိုး၊ ရပ်ကျိုးရွာကျိုးများ ဆွေးနွေး တိုင်ပင်ရာနေရာ၊ ပြည်သူများ အပန်းဖြေရာ နေရာဖြစ်အောင် လူထုအခြေပြုဗဟိုဌာနများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။
ယနေ့ နတ်မောက်မြို့၌ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သော လူထုအခြေပြု ဗဟိုဌာန အဆောက်အအုံကို နိုင်ငံတော် ဘဏ္ဍာငွေကျပ် ၄၁၄ သန်းကျော် ဖြင့် တည်ဆောက်ပေးခဲ့ပြီး မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိ ပစ္စည်းများ ဖြည့်ဆည်းလှူဒါန်း ပေးခဲ့သည့်အတွက် ယခုကဲ့သို့ ခမ်းနားထည်ဝါစွာ တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ လူထုအခြေပြု ဗဟိုဌာနများ သည်လူငယ်များ၏ အနာဂတ် ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် အသင့်တော် ဆုံးနေရာတစ်ခုဖြစ်ပြီး လူငယ် Network ကျယ်ပြန့်လာသည်နှင့် အမျှ စုစည်းညီညွတ်မှုနှင့် စုပေါင်း ဆောင်ရွက်မှု အားကောင်းကာ အနာဂတ်တွင် တိုင်းပြည်၏ အားကိုး အားထားပြုရသော လူငယ်ခေါင်းဆောင်များကို မွေး ထုတ်ပေးနိုင်သည့် နေရာတစ်ခု ဖြစ်လာမည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်း၊ ထို့အပြင် ကောင်းမွန်သည့် ပြည်သူ့ဆက်ဆံ ရေးလုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ တော်အစိုးရနှင့် ပြည်သူများ အကြား ပေါင်းကူးတံတားတစ်ခု ဖြစ်လာမည် ဖြစ်ပါကြောင်း။
မိမိတို့ဒေသ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးကို မျှော်မှန်း၍ လူထု အခြေပြုဗဟိုဌာနကို ပြည်သူများ အနေဖြင့် အကျိုးရှိရှိ အသုံးပြုကြ ရန်နှင့် ရေရှည်တည်တံ့ရေး အတွက် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်သွားကြရန် မှာကြား လိုပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က အမှာစကား ပြောကြားပြီး နတ်မောက်မြို့မှ မြို့မိမြို့ဖ ဦးဉာဏ်ရှိန်က ကျေးဇူးတင် စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးလျက်ရှိသည့် အစီ အစဉ်များကို ပြည်သူများ ဖမ်းယူ ကြည့်ရှုနိုင်ရန်အတွက် MRTV DVB –T2 Set Top Box အလုံးရေ ၁၀၀၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးက လက်ခံရယူသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းနှင့် တက်ရောက် လာကြသူများက လူထုအခြေပြု ဗဟိုဌာန အဆောက်အအုံအတွင်း ပြသထား ရှိသော ဘက်စုံသုံးခန်းမ၊ အနုပညာခန်း၊ ပြတိုက်ငယ်၊ ပြည်သူ့စာကြည့်တိုက်၊ ကလေး စာဖတ်ခန်း၊ အားကစားခန်းမ၊ ကွန်ပျူတာ သင်တန်းခန်းမ၊ အစည်းအဝေးခန်းမနှင့် ကလေး ကစားခန်းတို့ကို လှည့်လည်ကြည့်ရှု အားပေးပြီး ကလေးစာဖတ်ခန်း အတွင်းဝင်ရောက် လေ့လာဖတ်ရှု နေသည့် ကလေးငယ်များအား အမှတ်တရ အရုပ်ပစ္စည်းများ ပေးအပ်သည်။
ယခုဖွင့်လှစ်သည့် လူထု အခြေပြုဗဟိုဌာန အဆောက်အအုံ သည် နိုင်ငံတော်ဘဏ္ဍာငွေ ဖြင့် တည်ဆောက်ခြင်းဖြစ် ကာ မကွေးတိုင်းဒေသကြီးအတွင်း နတ်မောက်မြို့တွင် ပထမဆုံး ဖွင့်လှစ်သည့် အဆောက်အအုံ ဖြစ်ပြီး ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ သတင်းအချက်အလက်နှင့် နည်း ပညာ၊ အားကစား၊ အနုပညာ၊ စာပေစကားဝိုင်း ဆွေးနွေးပွဲများ နှင့် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များကို အခမဲ့ ဝင်ရောက်လေ့လာ အသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် နတ်မောက် မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ကို သွားရောက်လေ့လာကြည့်ရှု ခဲ့ပြီး နတ်မောက်မြို့နယ် ပြည်သူ့ ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေကြသည့် လူနာများအား အစားအသောက်နှင့် ထောက်ပံ့ ငွေများ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် မင်းဘူးမြို့ရှိ မန်းရွှေစက်တော်ဘုရားသို့ သွား ရောက်ဖူးမြော်၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် မင်းဘူးမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့သို့ ရောက်ရှိ ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြန်ကြားရေး ဝန်ကြီးဌာန၏ လုပ်ငန်းများကို အသွင်သဏ္ဌာန် ရော အနှစ်သာရပါ ပြောင်းလဲ ဆောင်ရွက်နေချိန်ဖြစ်၍ ဝန်ထမ်း များအနေဖြင့် စိတ်ကောင်း၊ စေတနာကောင်းများဖြင့် လုပ်ငန်း များ တိုးတက်အောင် ဆောင်ရွက် ကြရန် မှာကြားကာ ဝန်ထမ်းများ ၏ တင်ပြချက်များအပေါ် လိုအပ် သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအပေါ် ပြန်ကြား ရေး လုပ်ငန်းများ ကူညီဆောင် ရွက်ပေးနိုင်မည့် အခြေအနေများ ကို ဆွေးနွေးခဲ့သည်။
သတင်းစဉ်