
နေပြည်တော် မတ် ၂၃
၂၀၂၂ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သော(၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်း ကြီးများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ရေးပြကွင်း၌ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။
လေ့ကျင့်ဆောင်ရွက်
စစ်ရေးပြလေ့ကျင့်မှုတွင် အနော်ရထာ စစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင် စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင် စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်း စစ်ကြောင်းများပါဝင်ပြီး စုရပ်ဖြစ်သည့် သစ်တပ်ကွင်း မှ စစ်ရေးပြကွင်းသို့ တပ်မတော်စစ်တီးဝိုင်းအဖွဲ့များ၏ တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများသီဆို၍ ညီညာ စွာ ချီတက်ကြပြီး စစ်ရေးပြအခမ်းအနားအစီအစဉ် အတိုင်း လေ့ကျင့်ဆောင်ရွက်ကြသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ထိုသို့လေ့ကျင့်နေမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော်နေ့ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြ ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။
လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်
အဆိုပါ စစ်ရေးပြအခမ်းအနားတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(ရေ) အထူးစစ်ဆင်ရေးတပ်ဖွဲ့(Navy SEALs)၊ အမျိုးသမီးအထူးတပ်ဖွဲ့ဝင်များ၊ တပ်မတော် (ကြည်း) ယန္တရားတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ရေ)ယန္တရားတပ်ဖွဲ့ဝင်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များပါဝင်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်