
နေပြည်တော် မတ် ၂၃
၂၀၂၂ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သော (၇၇)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား တွင် ပါဝင်ချီတက်စစ်ရေးပြကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်စစ်ရေးပြကွင်း ၌ ဝတ်စုံပြည့် စစ်ရေးပြလေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။
လေ့ကျင့်ဆောင်ရွက်
စစ်ရေးပြလေ့ကျင့်မှုတွင် အနော်ရထာ စစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျ စစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလ စစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်း များပါဝင်ပြီး စုရပ်ဖြစ်သည့် သစ်တပ်ကွင်း မှ စစ်ရေးပြကွင်းသို့ တပ်မတော်စစ်တီးဝိုင်း အဖွဲ့များ၏ တီးခတ်မှုနှင့်အတူ စစ်ချီ သီချင်းများသီဆို၍ ညီညာစွာချီတက်ကြ ပြီး စစ်ရေးပြအခမ်းအနား အစီအစဉ် အတိုင်း လေ့ကျင့်ဆောင်ရွက်ကြသည်။
ထိုသို့ လေ့ကျင့်နေမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ ကာကွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ တပ်မတော် နေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော် နေ့ ကျင်းပရေးစီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုစစ်ဆေး ကြပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ပါဝင်
အဆိုပါ စစ်ရေးပြအခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီးတပ်ဖွဲ့ဝင်များနှင့် တပ်မတော် (ရေ) အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Navy SEALs)၊ အမျိုးသမီးအထူးတပ်ဖွဲ့ဝင်များ၊ တပ်မတော်(ကြည်း) ယန္တရားတပ်ဖွဲ့ဝင် များ၊ တပ်မတော်(ရေ)ယန္တရားတပ်ဖွဲ့ဝင် များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များ ပါဝင်ကြောင်း သိရသည်။
သတင်းစဉ်