(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်

 

ပဲခူး   မေ    ၂


(၇၇) နှစ်မြောက်   မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို   ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်း ဒေသကြီး   မီးသတ်ဦးစီးဌာနမှ စုပေါင်းသွေးလှူဒါန်းပွဲကို ပဲခူးမြို့   အထွေထွေရောဂါကု    ပြည်သူ့ ဆေးရုံကြီးတွင်  မေ ၂  ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
စုပေါင်း   သွေးလှူဒါန်းပွဲသို့    ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်    အစိုးရအဖွဲ့ ဝန်ကြီးများက  လိုက်လံကြည့်ရှု အားပေးပြီး  သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား ကြက်ဥ၊ မုန့်၊ အားဆေး၊ ဆန်၊ဆီ၊ အချိုရည်များ ပေးအပ်ခဲ့ကာ သွေးလှူရှင် မီးသတ် တပ်ဖွဲ့ဝင်များနှင့်   ကျန်းမာရေး ဝန်ထမ်းများအတွက်   ထောက်ပံ့ ငွေများ ပေးအပ်သည်။

 


အဆိုပါ စုပေါင်းသွေးလှူဒါန်း ရာတွင် ပဲခူးတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးများ နှင့် မီးသတ်နယ်မြေစခန်းများရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ ၏ မိသားစုဝင်များ စုစုပေါင်း ၁၄၀ တို့မှ သွေးများ  လှူဒါန်းခဲ့သည့် အပြင် ဆေးရုံတက်လူနာများနှင့် သွေးအလှူရှင် စုစုပေါင်း   လူဦးရေ ၁၀၀၀ အား နေ့လယ်စာဖြင့် ထပ်မံ လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရ သည်။                  

တင်စိုး(ပဲခူး)