(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံကြီး မကွေးမြို့ရှိ သားဖွားမီးယပ်နှင့် မွေးကင်းစကလေး သုံးထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

 

 

နေပြည်တော်   မတ်   ၁၂


(၇၇) နှစ်မြောက် တပ်မတော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံကြီး   မကွေးမြို့ သားဖွားမီးယပ်ဆောင်နှင့် မွေး ကင်းစကလေး   သုံးထပ်ကုသ ဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက် ပိုင်းက      ယင်းအဆောက်အဦ အတွင်း၌ ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားသို့  နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ  အတွင်းရေးမှူး          ဒုတိယ ဗိုလ်ချုပ်ကြီး     အောင်လင်းဒွေး၊   
ကျန်းမာရေး          ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ  သက်ခိုင်ဝင်း၊   မကွေးတိုင်းဒေသ ကြီး   ဝန်ကြီးချုပ်   ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး     အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ညွှန်ကြား ရေးမှူးချုပ်နှင့်   တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသော   ဧည့်သည်တော်များ၊ မြို့မိမြို့ဖများ    တက်ရောက်ကြသည်။


ရှေးဦးစွာ      ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်      ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးတို့က သားဖွားမီးယပ် နှင့် မွေးကင်းစကလေး သုံးထပ် ကုသဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ      အတွင်း ရေးမှူးက   သားဖွားမီးယပ်နှင့် မွေးကင်းစကလေး သုံးထပ်ကုသ ဆောင်သစ်  ဆိုင်းဘုတ်ကို  စက် ခလုတ်နှိပ်၍  ဖွင့်လှစ်ပေးသည်။ ဆက်လက်၍    သားဖွားမီးယပ်နှင့် မွေးကင်းစကလေး သုံးထပ်ကုသ ဆောင်သစ်      ဖွင့်လှစ်ကြောင်း ကမ္ပည်းမော်ကွန်း    ကြေးပြားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊  ပြည်ထောင်စု ဝန်ကြီး၊  တိုင်းဒေသကြီး  ဝန်ကြီး ချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက    အမွှေး နံ့သာရည်များ ပက်ဖျန်းကြသည်။ ထို့နောက်    ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ်  စုပေါင်းဓာတ်ပုံ ရိုက်ကြပြီး       သားဖွားမီးယပ်နှင့် မွေးကင်းစကလေး သုံးထပ်ကုသ  ဆောင်သစ်  အတွင်းရှိ အရေးပေါ် လူနာဌာန၊ သားဖွားခန်း၊ ခွဲစိတ် ခန်း၊ ခွဲစိတ်ပြီး လူနာထားရှိနေရာ၊ မွေးကင်းစကလေး အထူးကြပ်မတ် ကုသခန်း၊ အောက်ဆီဂျင်ထုတ်လုပ် စက် (Oxygen Plant)၊ ရေသန့်စင် စက်တို့ကို   လှည့်လည်ကြည့်ရှု ကြသည်။ 


ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေး မှူးက အဖွင့်အမှာစကား ပြောကြား ပြီး  ပြည်သူ့ဆေးရုံကြီး   မကွေး မြို့ရှိ   ဆေးရုံဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေ   ၂၅ သိန်းနှင့် လက်ဆောင်  သစ်သီးခြင်းများကို ပေးအပ်ကာ မကွေးတိုင်းဒေသ ကြီး        ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သောင်းလှိုင်နှင့် ဆေးရုံ အုပ်ကြီး ဒေါက်တာ ဝင်းနီလာလှ တို့က         သားဖွားမီးယပ်နှင့် မွေးကင်းစကလေး   ကုသဆောင် ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင် များ ပြန်လည်ပေးအပ်သည်။
ထို့နောက်   ပြည်သူ့ဆေးရုံ ကြီး-မကွေးမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းနီလာလှက ကျေးဇူး တင်စကား ပြောကြားခဲ့ကြောင်း သိရသည်။              

သတင်းစဉ်