(၇၇) နှစ်မြောက် တပ်မတော်နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် စေတနာရှင်အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော်  မတ်    ၂၃


(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြု အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေး စခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 


အဆိုပါ    အလှူငွေပေးအပ် ပွဲသို့ တပ်မတော်နေ့  ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ    ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး  မောင်မောင်အေး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး    ဗိုလ်ချုပ် ဇော်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ     တပ်မတော်အရာရှိကြီး များ၊    တပ်မတော်နေ့   စစ်ရေးပြ မှူးကြီး  ဗိုလ်ချုပ်  ရဲကျော်သူနှင့် စစ်ကြောင်းမှူးများ၊ အလှူရှင်များ  နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 


ဦးစွာ    (၇၇)  နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့်  ကုမ္ပဏီ  ၁၇၆ ခု  နှင့် စေတနာရှင်အလှူရှင်များက  ဂုဏ်ပြုအလှူငွေ စုစုပေါင်းငွေကျပ် ၇၅၈၀၈၀၀၀၀    ကို    ပေးအပ် လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး      မျိုးဇော်သိန်း၊ နေပြည်တော်တိုင်း   စစ်ဌာနချုပ် တိုင်းမှူး   ဗိုလ်ချုပ်    ဇော်ဟိန်း၊ တပ်မတော်နေ့           ကျင်းပရေး စစ်ရေးပြလုပ်ငန်းအဖွဲ့    ဥက္ကဋ္ဌ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်    ဗိုလ်ချုပ်   ကိုလေး၊  တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်ချုပ်    ရဲကျော်သူ     တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာများ   ပြန်လည်ပေးအပ်ကြ သည်။

 


ထို့နောက်     အလှူရှင်များ ကိုယ်စား    အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းနှင့်    ပတ်သက်၍ ရှင်းလင်းပြောကြားပြီး     စစ်ရေး ချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော် သိန်း   က   ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 


ဂုဏ်ပြုအလှူငွေ    ပေးအပ် လှူဒါန်းပွဲအပြီးတွင် တပ်မတော် နေ့  ကျင်းပရေးဦးစီး  ကော်မတီ ဥက္ကဋ္ဌ   ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး  က တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံ     နှုတ်ဆက်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်