(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ညီညွတ်ရေးသံစဉ်” ပွဲစဉ် (၂) တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော် ဖေဖော်ဝါရီ ၁
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေ ရန်နှင့်   စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို    တိုးမြှင့် တင်ဆက်လျက်ရှိရာ     Friday   Night  Live  Show  အစီအစဉ် ဆန်းသစ်မှုအဖြစ်  (၇၆) နှစ်မြောက်   ပြည်ထောင်စုနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ညီညွတ်ရေး သံစဉ်”  ပွဲစဉ်(၂)  တေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ   ၃   ရက် (သောကြာနေ့)  ည ၈  နာရီ   သတင်းအပြီးတွင်    MRTV-HD  Channel  မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်တွင်   “မြန်မာ့အသံ ခေတ်ပေါ်တေးဂီတ” အဖွဲ့၏ တီးခတ်မှုနှင့် အတူ နာမည်ကျော်တေးသံရှင် ရသ၊  မြန်မာ့ အသံနှင့်  ရုပ်မြင်သံကြား၊  တိုင်းရင်းသား လူမျိုးများရုပ်သံလိုင်းမှ တေးသံရှင်များနှင့် တူယှဉ်နွှဲပျော်ဂီတပွဲတော်မှ တိုင်းရင်းသား တေးသံရှင်များဖြစ်ကြသည့်  တျားရုအောင်၊ ဇော်မင်းဦး၊ လလဆွတ်၊ ထုံလှိုင်း၊ မြနန္ဒာ၊ ပပအောင်၊ ချိုသဲဦး၊ ဖွေးစုထွေးနှင့် မေဖြူ ခင်တို့က တိုင်းရင်းသားရိုးရာများနှင့် ဒေသ ဆိုင်ရာ အလှအပသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်ပြီး  ထိုသို့ တင်ဆက်မှု ကို ဖေဖော်ဝါရီ ၅ ရက်(တနင်္ဂနွေနေ့)နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း သိရသည်။           သတင်းစဉ်