(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုး ရောင်းချပေးမည်

 

နေပြည်တော်    ဖေဖော်ဝါရီ     ၉


ပို့ဆောင်ရေးနှင့်    ဆက်သွယ်ရေးဝန်ကြီးဌာန   မြန်မာ့စာတိုက်လုပ်ငန်း မှ   ဖေဖော်ဝါရီ  ၁၂ ရက်တွင်    ကျရောက်မည့်  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို  ဂုဏ်ပြုသောအားဖြင့် (၂၀၀ ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်  တစ်မျိုးကို   ၂၀၂၃  ခုနှစ်  ဖေဖော်ဝါရီ  ၁၂ ရက် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တပို့တွဲလဆုတ် ၈ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့်  တိုင်းဒေသကြီး/ပြည်နယ် များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

 


အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့်   မန္တလေးစာတိုက်ကြီးတို့၌  ဖေဖော်ဝါရီ  ၁၂ ရက်တွင်   ဝယ်ယူသော  စာပို့တံဆိပ်ခေါင်းများပေါ်တွင်  နေ့စွဲအမှတ် အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်