
နေပြည်တော် မေ ၁
၂၀၂၂ ခုနှစ် မေ ၅ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို မေ ၁ ရက်က ဇမ္ဗူ သီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစုစေတီ တော်၌ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း ဆောင်ရွက်သည်။
ပြည်သူ့အကျိုးပြု လုပ်ငန်းများအဖြစ် ဘုရားရင်ပြင်တော်နှင့် ဘုရားပရိဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေသပ္ပာယ်ခြင်းကို မီးသတ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ဦးဆောင်၍ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဝင်များ စုစုပေါင်းအင်အား ၂၀၀ ဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ပြည်သူများ၏ကျန်းမာရေးကို ကူညီစောင့်ရှောက်ရေး အကျိုးပြုလုပ်ငန်း အဖြစ် နေပြည်တော် လယ်ဝေးမြို့နယ်ရှိ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံမှ သွေးလိုအပ်သော လူနာ များအတွက် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း သွေးလှူဒါန်းရာ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးစကား ပြောကြားပြီး ခွန်အားဖြည့် အစားအစာနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ခင်ဇော်(မင်္ဂလာ)