
နေပြည်တော် နိုဝင်ဘာ ၃၀
လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးတို့အတွက် ရည်ရွယ် ပြီး (၇၆)ကြိမ်မြောက် လွတ်လပ် ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် လူငယ်နှင့်စာပေအနုပညာ ပွဲတော်ကိုနေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ရာ ပွဲတော်ကျင်းပရေးလုပ်ငန်း ကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လူငယ်နှင့် စာပေအနုပညာပွဲတော် ကျင်းပ ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်၊ လုပ်ငန်း ကော်မတီအဖွဲ့ဝင် နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ လုပ်ငန်းကော်မတီ အတွင်းရေး မှူး၊ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ညှိနှိုင်းဆွေးနွေး
ရှေးဦးစွာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့် က လူငယ်နှင့်စာပေအနုပညာ ပွဲတော်ကျင်းပမည့်ရက် နီးကပ် လာပြီဖြစ်၍ ယနေ့အစည်းအဝေး တွင် ကဏ္ဍအလိုက် တက်ရောက် လာကြသူများက ဆောင်ရွက်လို သည့် အစီအစဉ်များ၊ အစီအမံ များကို ဆွေးနွေးတင်ပြစေလိုပါ ကြောင်း၊ ဖျော်ဖြေရေးအစီအစဉ် အတွက် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အနုပညာရှင်များ နှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံး မြဝတီတေးဂီတအဖွဲ့ တို့က လေ့ကျင့်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပြခန်းပြသမည့် ဝန်ကြီးဌာန ၁၃ ခုကလည်း ပြခန်း များ ပြသရန် နေရာများစီစဉ်ထား ရှိပြီဖြစ်၍ ဒီဇင်ဘာ ၁၂ ရက်မှ စတင်၍ ပြင်ဆင်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း၊ ပွဲတော်အောင်မြင် စွာ ကျင်းပသွားနိုင်ရေးအတွက် ညီညီညွတ်ညွတ်ဖြင့် လိုအပ်ချက် များကို ညှိနှိုင်းဆွေးနွေးကြပြီး ပူးပေါင်းဆောင်ရွက်ကြစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးက ပွဲတော် လာဧည့်ပရိသတ်များကို တိုင်းရင်း သားရိုးရာ အစားအစာများ ဈေးနှုန်းသင့်တင့်စွာ ရောင်းချ နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက် ပြီးဖြစ်ကြောင်းနှင့် ပွဲတော်စည်ကား သိုက်မြိုက်အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူးက လူငယ်နှင့် စာပေပွဲတော် ကျင်းပရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသူများက ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ကဏ္ဍအလိုက် ဆွေးနွေး တင်ပြကြသည်။
ဆွေးနွေး တင်ပြချက်များ အပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ နေပြည် တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်တို့က ဖြည့်စွက်ဆွေးနွေး ခဲ့ကြသည်။
သတင်းစဉ်