(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အကြို တိုင်းရင်းသားရိုးရာ အစားအသောက်ပွဲတော်သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၀    


(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို  ကြိုဆိုဂုဏ်ပြု သောအားဖြင့်  တိုင်းရင်းသားရိုးရာ အစားအသောက် ပွဲတော်ကို   ယနေ့တွင်   စီးပွားရေးနှင့်   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၌  ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး  တက်ရောက်အမှာစကား ပြောကြားသည်။

 


အခမ်းအနားတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများက   တိုင်းရင်းသားရိုးရာ   အစားအစာ မျိုးစုံကို ဌာနအလိုက်  တပျော်တပါး ချက်ပြုတ် ပြင်ဆင်ကြပြီး   ဝန်ထမ်းများအား   ဧည့်ခံကျွေးမွေး ကြသည်။ 

 


ဝန်ထမ်းများ၏  ပြင်ဆင်ချက်ပြုတ်ဧည့်ခံမှုများကို   ပြည်ထောင်စုဝန်ကြီး၊   ဒုတိယဝန်ကြီးနှင့်  ဌာနအကြီးအကဲများက အားပေးကြည့်ရှုကြသည်။ 

 


တိုင်းရင်းသားရိုးရာ  အစားအစာများ ပြင်ဆင် ချက်ပြုတ်     ဧည့်ခံကျွေးမွေးမှုနှင့်ပတ်သက်၍ အကဲဖြတ်အမှတ်ပေးခြင်းကိုလည်း ဆောင်ရွက်ခဲ့ရာ ဆုရရှိသည့်ဌာနများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူ များက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်