
နေပြည်တော် နိုဝင်ဘာ ၁၆
လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ကို ရည်ရွယ်ပြီး (၇၆) ကြိမ်မြောက် လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် လူငယ်နှင့် စာပေအနု ပညာပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ၌ ဒီဇင်ဘာ ၂၀ မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ရာ ပွဲတော်ကျင်းပ နိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးရဲတင့်၊ ဒေါ်နုမြဇံ၊ ဒေါက်တာ မိုးဇော်ထွန်း၊ နေပြည် တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ တာဝန် ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
စိတ်ဝင်စားဖွယ်ဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက (၇၆) နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် လူငယ်နှင့် စာပေအနုပညာ ပွဲတော်ကို ကျောင်းသား၊ ကျောင်းသူ များ၊ ဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများအတွက် လေ့လာစရာ ပွဲတော်တစ်ခုဖြစ်အောင် ကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ ပွဲတော် မှပြန်သွားပါက ပျော်ရွှင်မှုနှင့်အတူ နိုင်ငံအတွက်တန်ဖိုးရှိမည့် အတွေး တစ်စ သို့မဟုတ် အသိအမြင် တစ်ခုခုတိုးပွားအောင် လေ့လာ စရာအစီအစဉ်များကို စိတ်ဝင် စားဖွယ် စီမံဆောင်ရွက်သွားစေ လိုပါကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ် အနေ ဖြင့် လူငယ်ကဏ္ဍကို အလေးထား ပြီး ယခုနှစ်တွင် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ တက္ကသိုလ်အဆင့် ကျောင်းသား ကျောင်းသူများ လေ့လာနိုင်သည့် ပြခန်း၊ ပြကွက်များ ပါဝင်အောင် ဆောင်ရွက်သွားရန် ဖြစ်ပြီး ဖျော်ဖြေမှု Entertainment နှင့် အတူ စိတ်ဝင်စားဖွယ် အစီအစဉ် များကို ဖန်တီးဖော်ဆောင်ကြစေ လိုပါကြောင်း၊ ပွဲတော်ကို သုံးရက် ကြာ ကျင်းပရန် လျာထားပြီး ဝန်ကြီးဌာန ၁၃ ခု ပါဝင်ခင်းကျင်း ပြသမည်ဖြစ်ကာ တိုင်းရင်းသား ရိုးရာ အစားအစာများ ခင်းကျင်း ရောင်းချသည့် အစီအစဉ်လည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ ယခင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် လူငယ်နှင့် စာပေပွဲတော်များ ကျင်းပပြုလုပ်ခဲ့သည့် အတွေ့ အကြုံများရှိပြီးဖြစ်၍ ယခုနှစ်ကျင်း ပမည့် တတိယအကြိမ်ပွဲတော်တွင် ယခင်နှစ်များကထက် ပိုမိုစိတ်ဝင် စားဖွယ်ကောင်းသည့် ပြခန်း၊ ပြကွက်များကို ခင်းကျင်းပြသစေ လိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက လူငယ် များ၏ အတွေးအခေါ် အယူအဆ မှန်ကန်အောင်၊ အရည်အသွေး အရည်အချင်း ပြည့်ဝအောင် လူငယ်ကဏ္ဍနှင့်ဆက်စပ်၍ ဆောင် ရွက်မှုများတွင် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပေါင်းစပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခင်နှစ်ကြိမ် ကျင်းပခဲ့သကဲ့သို့ ယခုနှစ် လူငယ် နှင့် စာပေပွဲတော်ကိုလည်း ညီညီ ညွတ်ညွတ်ဖြင့် ဆောင်ရွက်ပါက ခမ်းခမ်းနားနား၊ အောင်အောင်မြင် မြင် ကျင်းပနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ လူငယ်များအတွက် ကြိုးစား ဆောင်ရွက်နေခြင်းဖြစ်၍ အနှစ် သာရပြည့်ဝသော ပွဲတော်တစ်ခု ဖြစ်အောင် မိမိတို့အနေဖြင့် လိုအပ်သည်များကို အစွမ်းကုန် ပေါင်းစပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်က (၇၆) နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော် ကျင်းပ ရခြင်း ရည်ရွယ်ချက်၊ လုပ်ငန်း ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု၊ ပြခန်း များ ခင်းကျင်းပြသရန် ဆောင် ရွက်ထားရှိမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် ဒေါက်တာ မိုးဇော် ထွန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးတို့က လူငယ်နှင့် စာပေအနုပညာ ပွဲတော်တွင် ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲနိုင်ရေး ပေါင်းစပ်ဆောင်ရွက် သွားမည့် အစီအမံများနှင့်စပ်လျဉ်း ၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက် လာကြသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ အမြဲတမ်း အတွင်းဝန်များနှင့် ညွှန်ကြားရေး မှူးချုပ်များက ပွဲတော်အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီး ဦးရဲတင့်က ဖြည့်စွက် ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့သည်။
(၇၆) နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် လူငယ် နှင့် စာပေအနုပညာပွဲတော်ကို လူငယ်များ ဉာဏ်ရည်ဉာဏ်သွေး နှင့် အယူအဆများ ထက်မြက်လာ စေရေးအတွက် စာအုပ်စာစောင် များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် လူငယ် များ စာပေနှင့်ရင်းနှီးပြီး စာပေ၏ အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊ စာပေနှင့် အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ် ရေး ကြိုးပမ်းမှု သမိုင်းကြောင်း များ၊ ကိုလိုနီလက်အောက်ခံဘဝ တွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုး ထားတတ်စေရန်၊ ဓာတ်ပုံအနု ပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာ လှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ် ကျေးလက်ဒေသအလှ အပများကိုသိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး၊ ပြည်နယ်များ အပေါ် မြတ်နိုးတန်ဖိုးထားစိတ် များ ဖြစ်ပေါ်လာစေရန်၊ ပြခန်းများ ခင်းကျင်း ပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာနအသီးသီးက ဆောင် ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်