
နေပြည်တော် ဒီဇင်ဘာ ၁၄
ဒီဇင်ဘာ ၂၄ ရက်တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည် နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှုအောက် သန်လျင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု ၄၆၅ ဦးတို့က မိမိတို့၏သွေးဖြင့် အများပြည်သူတို့၏ အသက်များကို ကယ်တင်နိုင်ရေးအတွက် ဇီဝိတ ဒါန စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ စုပေါင်းသွေးလှူဒါန်းကြသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ အလယ်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ရေတပ်ကွပ်ကဲမှုဌာန ချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ၊ စုပေါင်းသွေးလှူဒါန်းမည့် အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ကျန်းမာရေးဝန်ထမ်းများက သွေးအလှူရှင် များကို သွေးလှူဒါန်းနိုင်ရေးအတွက် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေးပြီး စုပေါင်း သွေးလှူဒါန်းကြသည်။
ယင်းသို့ စုပေါင်းသွေးလှူဒါန်းနေမှုများကို တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ကြပြီး သွေးလှူဒါန်းသူများကို အားဆေး များ၊ ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်