
နေပြည်တော် ဖေဖော်ဝါရီ ၆
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို ပြည်ထောင်စု နယ်မြေ နေပြည်တော်နှင့် မြန်မာနိုင်ငံအဝန်း၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် နေပြည်တော်ရှိ လူစည်ကားရာလမ်းဆုံများတွင် ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ပြည်ထောင်စုအလံတော် သယ်ဆောင်လာမည့် ရာဇသင်္ဂဟလမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံတော် အလံနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ အလံများ စိုက်ထူထားခြင်းနှင့် ယင်းလမ်းတစ်လျှောက်ရှိ အဝိုင်းများတွင် လျှပ်စစ်မီးရောင်စုံများ ထွန်းညှိထားကာ တိုင်းရင်းသားရုပ်ပုံကားချပ်များဖြင့် အလှဆင် ထားရှိမှုများဖြင့် အလှဆင်ထားရှိသည်။
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော် ခန်းမတွင် မီးအလှထွန်းညှိထားခြင်းနှင့် မြို့တော်ခန်းမရှေ့တွင် “(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် များ”ပါ ဂုဏ်ပြုဆိုင်းဘုတ်စိုက်ထူထားခြင်း၊ မဟာဗန္ဓုလပန်းခြံအတွင်း ရောင်စုံမီးအလှများ ထွန်းညှိပြင်ဆင်ထားခြင်း(အောက်ယာပုံ)၊ ဒဂုံ မြို့နယ်ရှိ ပြည်သူ့ဥယျာဉ်၌ ရောင်စုံမီးအလှများထွန်းညှိ ပြင်ဆင်ထား ခြင်းနှင့် အလံများ ဂုဏ်ပြုစိုက်ထူထားခြင်းနှင့် “(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုပါသည်” စာတန်းပါဘုတ်များ ဖြင့် ဂုဏ်ပြုစိုက်ထူထားခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဒဂုံမြို့နယ်ရှိ ဦးဝိစာရအဝိုင်း၊ ဗဟန်းမြို့နယ်ရှိ ဦးထောင်ဘို အဝိုင်းနှင့် စမ်းချောင်းမြို့နယ်ရှိ ဟံသာဝတီအဝိုင်းတို့တွင်လည်း မီးအလှ များ ထွန်းညှိထားခြင်းနှင့် အလံများ ဂုဏ်ပြုစိုက်ထူထားခြင်းများဖြင့် ကြိုတင်ပြင်ဆင် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မန္တလေးမြို့အပါအဝင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင်လည်း (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသည့်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်၊ ရန်ကင်း