
ပဲခူး ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းက (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မီးငြှိမ်း သတ်ယာဉ်များ လွှဲပြောင်းပေးအပ် ခြင်းအခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မီးငြှိမ်းသတ်ယာဉ် လေးစီးနှင့် မီးသတ်ရေသယ်ယာဉ် တစ်စီး စုစုပေါင်း ငါးစီးအား ပဲခူးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းထံ လွှဲပြောင်းပေးအပ်ပြီး မီးငြှိမ်း သတ်ယာဉ်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
မီးဘေးအန္တရာယ်တားဆီးရန်လို
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မီးငြှိမ်းသတ်ယာဉ် များ၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်း များကို နှစ်စဉ်ရန်ပုံငွေလျာထား ဝယ်ယူပေးလျက် ရှိကြောင်း၊ မီးသတ်စခန်းများတွင် လူအသင့်၊ ယာဉ်/စက်အသင့်၊ ဆီအဆင့်၊ ရေအသင့်ရှိရန် လိုအပ်သလို မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန် ငြှိမ်းသတ်နိုင်ရေး သရုပ်ပြ လေ့ကျင်ခြင်းများလည်း စဉ်ဆက် မပြတ် လေ့ကျင့်နေရန် လိုအပ် ကြောင်း၊ ဆက်လက်၍ မီးသတ် တပ်ဖွဲ့ဝင်များကိုလည်း နည်း ပညာများနှင့် ကျွမ်းကျင်မှု ရှိအောင် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကို လည်း ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကိုများ မီးဘေးအန္တရာယ်မှ ကာကွယ် တားဆီးစောင့်ရှောက်ရန် လိုအပ် သည့် မီးငြှိမ်းသတ်ယာဉ်များ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုနိုင်မည်ဖြစ် သည့်အတွက် ရေရှည်အသုံးပြုနိုင် ရေး စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြား ခဲ့သည်။
ယင်းနောက် လွှဲပြောင်း ပေးအပ်ခဲ့သည့် မီးငြှိမ်းသတ်ယာဉ် များဖြင့် မီးငြှိမ်းသတ်မှု သရုပ်ပြ ခြင်းကို ပြသခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသ ကြီး မီးသတ်ဦးစီးဌာန ညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုကြသည်။
လွှဲပြောင်းပေးအပ်
အဆိုပါ မီးငြှိမ်းသတ်ယာဉ် လေးစီးနှင့် မီးသတ်ရေသယ် ယာဉ် တစ်စီးတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ရန်ပုံငွေ ၃၁၁ ဒသမ ၈၅သန်း ဖြင့် ဝယ်ယူခဲ့ပြီး တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ခြင်းဖြစ်ကြောင်း သိရ သည်။
တင်စိုး(ပဲခူး)