
ရွှေဘို ဖေဖော်ဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ ခုတင် ၂၀၀ ဆံပြည်သူ့ဆေးရုံ၊ ဓာတ်ခွဲခန်းဌာန ၌ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီက စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲကို ရွှေဘိုခရိုင် မီးသတ်တပ်ဖွဲ့မှ သန္ဓေမီးသတ်သမားများ၊ အရံ မီးသတ်သမားများနှင့် ရွှေဘိုမြို့ပေါ် ပရဟိတ အသင်းများမှ စုပေါင်းပြုလုပ်ခဲ့ကြပြီး စုပေါင်း သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍ ယခုလိုစုပေါင်း သွေးလှူဒါန်းခြင်းကို မိမိတို့ဌာန နှစ်ပတ်လည် နေ့တိုင်းနှင့် နေ့ထူးနေမြတ်များတွင် စုပေါင်းလှူဒါန်း လေ့ရှိကြောင်း ခရိုင်မီးသတ်ဦးစီးအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်က ပြောကြားသည်။ ယနေ့စုပေါင်းသွေးလှူဒါန်းပွဲတွင် ၁၉ ဦး သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
စိုးသီဟ(ရွှေဘို)