
ညောင်ရွှေ ဖေဖော်ဝါရီ ၆
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့ အင်းလေးနှင်းဆီ ဖူဆယ်အားကစား ကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးက အမှာစကားပြောကြားပြီး ဖူဆယ် ဘောလုံးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဒိုင်အဖွဲ့ သို့ ဘောလုံးနှင့် ခြင်းလုံးတို့ကို ပေးအပ်သည်။ ဆက်လက်၍ ဒိုင်အဖွဲ့များက ပြိုင်ပွဲဝင်အသင်း များသို့ ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် နန္ဒဝန်ရပ်ကွက် (ခ)အသင်း နှင့် ဝင်းရပ်ကွက်အသင်း ယှဉ်ပြိုင်နေမှုကိုလည်း ကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမပွဲစဉ်အဖြစ် နန်းပန်ရပ်ကွက်အသင်းနှင့် နန္ဒဝန်ရပ်ကွက်အသင်း ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲတွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များမှ ဖူဆယ်ဘောလုံးအသင်း ၁၆ သင်း၊ ပိုက်ကျော်ခြင်းအသင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးသူရိန်