
ဘားအံ ဖေဖော်ဝါရီ ၆
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် တွင် ကျရောက်သော (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက် ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက် ညနေ ၆ နာရီ ခန့်က ကရင်ပြည်နယ် ဘားအံမြို့ ဘားအံဂေါက်ကလပ် မြက်ခင်းပြင် ၌ ကျင်းပသည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲ ကို ပြည်နယ်ဝန်ကြီးချုပ် ဦးစော မြင့်ဦးက နံနက်ပိုင်းတွင် ဂေါက်သီးရိုက်၍ ဖွင့်လှစ်ပေးခဲ့ ပြီး ကရင်ပြည်နယ်အတွင်းရှိ ဂေါက်သီးရိုက် အားကစားသမား ၇၀ ခန့် ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်း အနားကို ညနေ ၆ နာရီခန့်က ဘားအံဂေါက်ကလပ်မြက်ခင်းပြင် ၌ ဆက်လက်ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ ဘားအံဂေါက် ကလပ်ဥက္ကဋ္ဌ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူက လိုင်းနှင့်အနီးဆုံးဆု၊ ကျင်းနှင့်အနီးဆုံးဆုရ အားကစား သမားများကို လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်က အဝေးဆုံးရိုက်ချက်ဆု၊ ပါအများ ဆုံးဆု၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်က ဘာဒီအများဆုံးဆု၊ အကြိုးစားဆုံးဆု၊ ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းက သက်ကြီးတန်း တတိယနှင့် ဒုတိယဆု၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီး ချုပ် ဦးသိန်းကိုကိုက သက်ကြီး တန်း ပထမဆု၊ ပြည်နယ်စီးပွား ရေးရာဝန်ကြီး ဦးစောခင်မောင်မြင့် က Handicap 19 to 24 အငယ်တန်းဆု တတိယနှင့် ဒုတိယ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်က Handicap 19 to 24 အငယ်တန်းဆု ပထမရရှိ သည့် အားကစားသမားများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့် ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က Handicap 0 to 18 အကြီးတန်းဆု စတုတ္ထ၊ တတိယ၊ ဒုတိယ၊ ပထမ ရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီး များသည် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် ဥက္ကဋ္ဌ ဦးနိုင်ကြည်စန်းနှင့် အဖွဲ့အား ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့ တွေ့ဆုံရာတွင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးလိုင်း များ သွယ်တန်းရရှိနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ် များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေး အပ်ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း
(ပြန်/ဆက်)