(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကျင်းပရေးကော်မတီ ပြည်ထောင်စုအလံတော် သယ်ယူပို့ဆောင်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၁၉

 


(၇၅)နှစ်မြောက်    စိန်ရတုပြည်ထောင်စုနေ့   ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ   ပြည်ထောင်စုအလံတော်   သယ်ယူပို့ဆောင်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို     ယနေ့  မွန်းလွဲ  ၁  နာရီတွင်  နေပြည်တော်ရှိ     ပြန်ကြားရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌    ကျင်းပသည်။

 


အခမ်းအနားသို့  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနား   ကျင်းပရေးကော်မတီဥက္ကဋ္ဌ    ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယ ဥက္ကဋ္ဌ   အားကစားနှင့်   လူငယ်ရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး   ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ  ဒေါက်တာမောင်မောင်နိုင်၊ ကော်မတီ အတွင်းရေးမှူး  ဒုတိယဝန်ကြီး ဦးရဲတင့်၊  ဒုတိယဝန်ကြီး    ဦးအောင်ကျော် ထွန်း၊  နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော်အရာရှိကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊     ဖိတ်ကြားထားသူများ    တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးနှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ  မြို့တော်ဝန်ဦးဗိုလ်ဌေးတို့က အွန်လိုင်း စနစ်ဖြင့် တက်ရောက်ကြသည်။

 


ဆွေးနွေးပြောကြား


ရှေးဦးစွာ    ဂုဏ်ပြုအခမ်းအနား     ကျင်းပရေးကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းက ရန်ကုန်မြို့ မြို့တော်ခန်းမ၌ ထားရှိသည့် ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ မြို့တော်ခန်းမသို့ သယ်ယူပို့ဆောင်မည့်အစီအစဉ်နှင့် ဖေဖော် ဝါရီ ၁၂ ရက် စိန်ရတုပြည်ထောင်စုနေ့တွင်  ပြည်ထောင်စုအလံ  စိုက်ထူ အလေးပြုမည့်အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

 


 ထို့နောက် ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်က ပြည်ထောင်စုအလံတော် သယ်ယူပို့ဆောင်မည့်လုပ်ငန်း အစီအစဉ်များ နှင့်စပ်လျဉ်း၍  ဆွေးနွေးတင်ပြသည်။

 


ကဏ္ဍအလိုက်ရှင်းလင်း

 

ယင်းနောက်     ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးလှစိုးက  ဆွေးနွေးပြောကြားပြီး     ဂုဏ်ပြုအခမ်းအနား      ကျင်းပရေးကော်မတီ    ဒုတိယဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊   ရန်ကုန်မြို့တော်ဝန်  ဦးဗိုလ်ဌေးနှင့်    အစည်းအဝေးသို့     တက်ရောက်လာကြသူများက    ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ်   ဂုဏ်ပြုအခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။                                                                

သတင်းစဉ်