
မုံရွာ ဖေဖော်ဝါရီ ၁၃
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ဆောင်းပါး၊ ကဗျာနှင့် ကျပန်းစကားပြော ပြိုင်ပွဲများတွင် ဆုရရှိကြသူများ အား ဆုချီးမြှင့်ခြင်း အခမ်းအနား ကို ဖေဖော်ဝါရီ ၁၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အမှတ်(၂) အခြေခံပညာ အထက် တန်းကျောင်းခန်းမ၌ ကျင်းပ သည်။
ရှေးဦးစွာ အမှတ် (၂ ) အခြေခံ ပညာကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက မြန်မာ့ ကျောင်း တေးသီချင်းဖြင့် သီဆို ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး နှင့် တိုင်းဒေသကြီး ဝန်ကြီးများက ပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယ ဆု၊ တတိယဆုနှင့် အထူးဆုရရှိ ခဲ့ကြသော ကျောင်းသားကျောင်းသူ များအား ဆုများ ပေးအပ်ချီးမြှင့် သည်။
ထို့နောက် ဆုရရှိသူများ ကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ဇာတိမာန် တေးသီချင်းသီဆိုကာ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)