(၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားနှင့်  လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနား ဂုဏ်ပြုညစာစားပွဲနှင့် ပဒေသာကပွဲသို့ တက်ရောက်ချီးမြှင့်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု (၇၅)နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့အခမ်းအနားနှင့် 
လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနား ဂုဏ်ပြုညစာစားပွဲနှင့် ပဒေသာကပွဲသို့ တက်ရောက်ချီးမြှင့်
 

နေပြည်တော်  ဒီဇင်ဘာ   ၁၅


တပ်မတော်(လေ)၏         ဖွဲ့စည်းတည်ထောင်မှု (၇၅)နှစ်မြောက်   စိန်ရတုနှစ်ပတ်လည်နေ့  အခမ်း အနားနှင့် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုညစာစားပွဲနှင့် ပဒေသာကပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင်  လေတပ်စခန်းဌာနချုပ်၌   ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်         ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ 

 


တက်ရောက်


အဆိုပါ       ဂုဏ်ပြုညစာစားပွဲ    အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး      ဒေါ်ကြူကြူလှ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်  (လေ) များနှင့် ဇနီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊  ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်    တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊   အခြားဖိတ်ကြား ထားသည့်       ဧည့်သည်တော်များ     တက်ရောက် ကြပြီး   ဂုဏ်ပြုညစာကို  အတူတကွ  သုံးဆောင် ကြသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင် များသည် လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ်၊      သူရအုန်းခိုင်ခန်းမ၌   ကျင်းပသော တပ်မတော် (လေ) မိသားစုဝင်များက တပ်မတော် (လေ) တေးဂီတအဖွဲ့နှင့်တွဲဖက်၍ တေးသီချင်းများ ဖြင့်    သီဆိုတီးမှုတ်  ကပြဖျော်ဖြေတင်ဆက်သော ဂုဏ်ပြုပဒေသာကပွဲသို့ တက်ရောက်ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။                

သတင်းစဉ်