
နေပြည်တော် ဒီဇင်ဘာ ၂၃
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုသော အားဖြင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန အခွန်အယူခံ ခုံအဖွဲ့ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော် ကောင်စီနယ်မြေ ရုံးအမှတ် (၅၇) ဥတ္တရသီရိမြို့နယ်၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်များ၊ ပြည်ထောင်စု တရားလွှတ်တော် ချုပ် တရားသူကြီး၊ ဒုတိယဝန်ကြီး များ၊ အခွန်အယူခံခုံရုံးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အခွန်အယူခံခုံအဖွဲ့တို့မှ တာဝန်ရှိ သူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး တို့က အခွန်အယူခံခုံအဖွဲ့ အဆောက်အဦသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အခွန်အယူခံခုံအဖွဲ့ဆိုင်းဘုတ် ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းပေး ကြကာ မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။
အမှာစကားပြောကြား
ယင်းနောက် အခွန်အယူခံခုံ အဖွဲ့ အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က အခွန်အယူခံခုံအဖွဲ့ အဆောက် အဦသစ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက် ပြီး အမှာစကားပြောကြားသည်။
ဆက်လက်၍ အခွန်အယူခံခုံ အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက အခွန် အယူခံခုံအဖွဲ့ ပေါ်ပေါက်လာပုံနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြပြီး အခွန်အယူခံခုံ အဖွဲ့ရုံးသစ်ဖွင့်လှစ် ခြင်း အထိမ်းအမှတ်လက်ဆောင် ပစ္စည်းများပေးအပ်၍ တက်ရောက် လာသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်