(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာနရှိ တပ်ဖွဲ့/ဦးစီးဌာနများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများက နေပြည်တော် ခုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်

 

နေပြည်တော်   ဒီဇင်ဘာ    ၂၄
(၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ကို  ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန  ကွပ်ကဲမှုအောက်ရှိ  တပ်ဖွဲ့/ ဦးစီး ဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တို့မှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ  ဝန်ထမ်း များက    ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်  ပြည်ထောင်စုနယ်မြေဇမ္ဗူသီရိမြို့နယ်ရှိ(ခုတင်-၁၀၀၀)  ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်း ရေးလုပ်အားပေး ဆောင်ရွက်ကြသည်။
စုပေါင်းသန့်ရှင်းရေး လုပ်အား ပေးပွဲတွင်   ပြည်ထဲရေးဝန်ကြီး ဌာန ကွပ်ကဲမှုအောက်ရှိ    တပ်ဖွဲ့၊ ဦးစီးဌာနများမှ            တပ်ဖွဲ့ဝင်/ဝန်ထမ်းအင်အား   ၁၅၀၀    နှင့် ကျန်းမာရေး           ဝန်ကြီးဌာနမှ ဝန်ထမ်းအင်အား  ၁၀၀  စုစုပေါင်း ဝန်ထမ်းအင်အား   ၁၆၀၀ တို့က ဆေးရုံကြီးဝင်း     အတွင်း/အပြင် သန့်ရှင်း  သာယာလှပရေးအတွက် ဆောင်ရွက်ခြင်း၊ ဆေးရုံအဆောက် အဦပေါ်ရှိ   အမှိုက်များ၊ သစ်ရွက် ခြောက်များ      ရှင်းလင်းခြင်း၊ အဆောက်အဦဘေး     ထိစပ်နေ သော    သစ်ကိုင်းများ၊    သစ်ပင် ကြီးများအား    အမြင်တင့်တယ် စေရေး၊      လေဝင်/လေထွက်  ကောင်းမွန်စေရေးနှင့်     အလင်း ပွင့်စေရေးအတွက်        ခုတ်ထွင်   ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်း များ     ဖယ်ရှားရှင်းလင်းခြင်းနှင့်     ရေနုတ်မြောင်းများ      ဖော်ထုတ် ခြင်းတို့ကို  ဆောင်ရွက်ကြသည်။ 
စုပေါင်းသန့်ရှင်းရေး လုပ်အား ပေးပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊  ပြည်ထဲရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒုတိယ    ဗိုလ်ချုပ်ကြီး    စိုးထွဋ်၊ ကျန်းမာရေး          ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊  ပြည်ထဲ ရေးဝန်ကြီးဌာနမှ  ဒုတိယဝန်ကြီး ဗိုလ်ချုပ်   စိုးတင့်နိုင်၊    ဒုတိယ ဝန်ကြီး    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်    ဗိုလ်ချုပ်   ဇင်မင်းထက်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး   ပါမောက္ခ  ဒေါက်တာ အေးထွန်း၊    အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊         အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊     အထူး စုံစမ်း      စစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊    မီးသတ်ဦးစီး ဌာနနှင့်      ကျန်းမာရေးဝန်ကြီး ဌာနတို့မှ  ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယရဲချုပ်များ၊  တပ်ဖွဲ့/ ဦးစီးဌာနများမှ  အရာရှိကြီးများ၊ ဆေးရုံအုပ်ကြီး           ဒေါက်တာ  ဆန်းလွင်ဦးနှင့်      ဆေးရုံတာဝန် ရှိသူများက      လှည့်လည်ကြည့်ရှု အားပေးကာ(အပေါ်ပုံ) စုပေါင်း သန့်ရှင်းရေး     လုပ်အားပေး      ဆောင်ရွက်သည့်     တပ်ဖွဲ့ဝင်နှင့်      ဝန်ထမ်းများကို ရေသန့်၊ ကော်ဖီ နှင့်         ဆီချက်ခေါက်ဆွဲတို့ဖြင့်     ဧည့်ခံကျွေးမွေးကြသည်။
ထိုသို့တပ်ဖွဲ့ဝင်နှင့် ဝန်ထမ်း များ၏       စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့မှုကြောင့် ဆေးရုံ ကြီး   အတွင်း/အပြင်    သန့်ရှင်း သပ်ရပ်မှုနှင့်     လေဝင်/ လေထွက် ကောင်းမှုရရှိခဲ့ပြီး   သန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့မှုအပေါ် ဆေးရုံ ကြီးရှိ  ဆရာဝန်၊  သူနာပြုများနှင့် ကျန်းမာရေး              ဝန်ထမ်းများက ဝမ်းမြောက်စွာဖြင့်       ကျေးဇူး တင်ရှိလျက်ရှိကြောင်း၊     ဆေးရုံ တက်ရောက်လျက်ရှိသော  လူနာ များမှာ  ကျန်းမာရေးဝန်ထမ်းများ ၏  အနီးကပ်ပြုစုစောင့်ရှောက်မှု ဖြင့်           စိတ်အေးချမ်းသာစွာ  ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။                  သတင်းစဉ်