(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

 

နေပြည်တော်  ဇန်နဝါရီ  ၁၃


(၇၅)     နှစ်မြောက်     စိန်ရတု လွတ်လပ်ရေးနေ့  ဂုဏ်ပြုအခမ်း အနားတွင်      သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး  ဝန်ကြီးဌာန ကိုယ်စားပြု   စစ်ရေးပြတပ်ခွဲ၊ ဂုဏ်ပြုယာဉ်နှင့်  ပြခန်းတို့၌ ပါဝင်   ဆောင်ရွက်ခဲ့ကြသော   ဝန်ထမ်း များ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်း အနားကို    ယနေ့နံနက်ပိုင်းက အဆိုပါရုံး  အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်  ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်  ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန        ပြည်ထောင်စု ဝန်ကြီး  ဦးလှမိုး၊  ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့  အခမ်းအနားတွင်  ပါဝင်ခဲ့ကြ သည့် ဝန်ထမ်းများနှင့်  တာဝန်ရှိ သူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်         ပြည် ထောင်စုဝန်ကြီး ဦးလှမိုးက ယနေ့ ပြုလုပ်သော  အခမ်းအနားသည် သမိုင်းတွင်   ကျန်ရစ်မည့်    နိုင်ငံ တော် အဆင့် အခမ်းအနားကြီးတွင် ကဏ္ဍအလိုက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့်   ဝန်ထမ်း များကို  အသိအမှတ်ပြု  ဂုဏ်ပြု ချီးမြှင့်သည့်   အခမ်းအနားဖြစ်ပါ ကြောင်း၊(၇၅) နှစ်မြောက် စိန်ရတု   လွတ်လပ်ရေးနေ့သည်ကြုံတောင့် ကြုံခဲ  နေ့ထူးနေ့မြတ်  ဖြစ်သည့် အတွက်    ထူးခြားလေးနက်စွာ ဂုဏ်ပြုခြင်းဖြစ်သည့်     အတွက် ပါဝင်ဆင်နွှဲခွင့်   ရရှိခဲ့ကြသည့် ဝန်ထမ်းများအနေနှင့်    ဂုဏ်ယူ နေရမည့်  အခမ်းအနားကြီးဖြစ်ပါ ကြောင်း၊ အခမ်းအနားတွင် ပါဝင် ခဲ့ကြသည့် ဝန်ထမ်းများကို ဝတ်စုံ ထောက်ပံ့ပေးခြင်း၊ ထောက်ပံ့ငွေ များ   ပေးအပ်ခြင်း၊    ဦးစီးဌာန အလိုက် အလှည့်ကျ နံနက်စာနှင့် အင်အားဖြည့်  အစားအသောက် ကျွေးမွေးခြင်းအပြင်  လိုအပ်သည့် ဆေးဝါးများကိုလည်း    စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့ပြင် စစ်ရေးပြတပ်ခွဲတွင် ပါဝင်ဆောင် ရွက်ခဲ့ကြသည့်     ဝန်ထမ်းများ အနေနှင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်း နွမ်းနယ်ကြသည့်အတွက် စစ်ရေး ပြလေ့ကျင့်ခြင်း  မပြုလုပ်ရသည့် ရက်တွင်      အနားပေးခြင်းနှင့် အခမ်းအနားပြီးစီးသည့်  ရက်မှ ရက်သတ္တတစ်ပတ်     အနား ပေးခြင်း၊   အုပ်ချုပ်မှုပိုင်းဆိုင်ရာ များ  အဆင်ပြေစေရေးအတွက် ဝန်ထမ်းများ၏ လိုအပ်ချက်များ ကို  တတ်နိုင်သမျှ   ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်ရေး ပြတပ်ခွဲတွင်         ပါဝင်သည့် ဝန်ထမ်း ၁၆၅ ဦးအတွက် တစ်ဦး လျှင်ကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ကျပ် ၁၆၅   သိန်း၊   ဂုဏ်ပြုယာဉ်တွင် ပါဝင်သည့် ဝန်ထမ်း ၅၂ ဦးအတွက် တစ်ဦးလျှင် ကျပ် ၁၀၀၀၀၀ နှုန်း ဖြင့် ကျပ်  ၅၂  သိန်း  စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၁၇ သိန်း ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါ ကြောင်း။

 


သမိုင်းတွင်    ကျန်ရစ်မည့် အခမ်းအနားကြီး    အောင်မြင်မှု ရရှိစေရန် ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်တာဝန်ကို ကျေပွန် စွာ    ထမ်းဆောင်တတ်သည့် ဝန်ထမ်းကောင်းစိတ်ဓာတ်၊ အဖွဲ့ အစည်းများနှင့်    ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် စိတ်ဓာတ် တို့ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ပြီး  အလေ့အကျင့်ကောင်းများ၊ အတွေ့အကြုံကောင်းများကို ရယူ ၍   နိုင်ငံတော်ယန္တရားများ    ပိုမို ကောင်းမွန်စွာ     အရှိန်အဟုန် မြှင့်တင်လည်ပတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ဆထက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

 


ထို့နောက်   ပြည်ထောင်စု ဝန်ကြီး  ဦးလှမိုးက  ဝန်ကြီးဌာန ကိုယ်စားပြု စစ်ရေးပြတပ်ခွဲတွင် ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်း ၁၆၅ ဦးအတွက် ဂုဏ်ပြုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဝန်ကြီး ဌာန    ကိုယ်စားပြုဂုဏ်ပြုယာဉ် အတွက်     အထူးဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ် ရာ     ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများကိုယ်စား      အဖွဲ့ ခေါင်းဆောင်များက လက်ခံရယူ ကြသည်။

 


ဆက်လက်၍  ဒုတိယဝန်ကြီး ဦးမြင့်စိုးက ဝန်ကြီးဌာနကိုယ်စား ပြု   ဂုဏ်ပြုယာဉ်တွင်     ပါဝင် ဆောင်ရွက်ခဲ့သော  ဝန်ထမ်းများ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ကိုလည်းကောင်း၊    အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်က ဝန်ကြီး ဌာနကိုယ်စားပြုပြခန်းတွင် ပါဝင် ဆောင်ရွက်ခဲ့သော  ဝန်ထမ်းများ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ချီးမြှင့်ပေးအပ် ကြသည်။

 


ထို့နောက်    ပြည်ထောင်စု ဝန်ကြီး  ဦးလှမိုး၊  ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြား ရေးမှူးချုပ်များသည်    ဝန်ထမ်း စားရိပ်သာတွင် စိန်ရတုလွတ်လပ် ရေးနေ့  အခမ်းအနား၌  ဝန်ကြီး ဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက် ခဲ့သော    ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ သုံးဆောင်ခဲ့ ကြကြောင်း သိရသည်။


သတင်းစဉ်