
မြစ်ကြီးနား ဒီဇင်ဘာ ၃၀
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက် တွင် ကျရောက်မည့် (၇၅) နှစ် မြောက် ကချင်ပြည်နယ်နေ့တွင် သဝဏ်လွှာဖတ်ပွဲ၊ မနောအကနှင့် အတူ ဒေသထုတ်ကုန်ပြခန်းများ၊ ပျော်ပွဲ ရွှင်ပွဲ အားကစားပြိုင်ပွဲများ ဖြင့် မြစ်ကြီးနားမြို့၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက် က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်ကျင်းပသည့် စတုတ္ထ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှ သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက (၇၅)နှစ် မြောက် စိန်ရတုကချင်ပြည်နယ် နေ့ အထိမ်းအမှတ် အခမ်းအနား များကို ယခင်နှစ်က တွေ့ကြုံခဲ့ သည့် အားနည်းချက်/ အားသာ ချက်များအပေါ် ဆပ်ကော်မတီ အသီးသီးအနေဖြင့် လေ့လာ သုံးသပ်ပြီး ယခုနှစ်တွင် ပိုမို ကောင်းမွန်စွာ၊ စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး လိုအပ်သည်များကို ဝိုင်းဝန်း ဆွေးနွေးကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် စိန်ရတု ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားများအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ရိုးရာ အစဉ်အလာနှင့်အညီ မနောအက ဖြင့် ကျင်းပနိုင်ရေး မနောကွင်း ငယ် တည်ဆောက်သွားမည့် အစီအမံများ၊ ဇန်နဝါရီ ၉ ရက်မှ စတင်၍ မနောအကဖြင့် ဖွင့်လှစ် သွားမည့် အစီအမံများ၊ ဒေသ ထုတ်ကုန်ပြခန်းများ၊ ဌာနဆိုင်ရာ ပြခန်းများ တည်ဆောက်ထားရှိမှု အခြေအနေနှင့် မြန်မာ့ရိုးရာ လက်ဝှေ့အားကစားတွင် နာမည် ကြီး လက်ဝှေ့သမားများ ခေါ်ယူ ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု များ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲ များ ကျင်းပပြုလုပ်သွားမည့် အစီအမံများနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့ကြသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများအတွက် ဂုဏ်ထူး ဆောင် ဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သွား မည့် အစီအစဉ်များကို ပြည်နယ် ဝန်ကြီးများ၊ ဆပ်ကော်မတီ အသီးသီးမှ ဌာနဆိုင်ရာများနှင့် တိုင်းရင်းသားစာပေနှင့် ရိုးရာ ယဉ်ကျေးမှု အသင်းအဖွဲ့များမှ ခေါင်းဆောင်များနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)