(၇၅)နှစ်မြောက် အာဇာနည်နေ့တွင် နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၌ ဓာတ်ပုံ၊ ကဗျာနှင့် ဆောင်းပါးများ ပြသသွားမည်

 

နတ်မောက်  ဇူလိုင် ၁၄


(၇၅)နှစ်မြောက် အာဇာနည်နေ့ တွင် နတ်မောက်မြို့ အောင်ဆန်း ရပ်ကွက်ရှိ  ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်၌  ဓာတ်ပုံ၊ ကဗျာ ဆောင်းပါးများ     ပြသနိုင်ရန် ဘုတ်ချပ်များ  ပြုလုပ်နေခြင်းကို ဇူလိုင် ၁၀ ရက်မှစတင်၍ ဆောင် ရွက်နေကြောင်း သိရသည်။

 


ထိုသို့    ဆောင်ရွက်ရာတွင် နေပြည်တော်     ရှေးဟောင်း သုတေသန၊  အမျိုးသားပြတိုက် ဦးစီးဌာနနှင့်        နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်း     နေအိမ် ပြတိုက် စိမ်းလန်းစိုပြည်သာယာ လှပအောင်    ဘက်စုံထိန်းသိမ်း ရေးလုပ်ငန်းကော်မတီအဖွဲ့တို့က ကြီးကြပ်၍   ဗိုလ်ချုပ်အောင်ဆန်း ၏ ဓာတ်ပုံ၊ ကဗျာ၊ ဆောင်းပါးများ ပြသနိုင်ရန်   ဆောင်ရွက်လျက် ရှိသည်။    အဆိုပါ   ဗိုလ်ချုပ် အောင်ဆန်း   နေအိမ်ပြတိုက်ကို နံနက် ၈ နာရီ မှ ညနေ  ၆ နာရီ အထိ     ဖွင့်လှစ်သွားမည်ဖြစ်၍ ရပ်နီးရပ်ဝေးရှိ     ပြည်သူများ လာရောက်ကြည့်ရှု   လေ့လာနိုင် ကြောင်း သိရသည်။          

 

လှဝင်း