
နေပြည်တော် ဇွန် ၃
၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုကော်မတီပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုက အာဇာနည်နေ့အခမ်းအနားကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်စေရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက် သည့် လုပ်ငန်းကော်မတီနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် လုံခြုံရေးကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ကြောင်း။
ထို့ပြင် အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီ၊ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် ပြသရေးဆပ်ကော်မတီ၊ လွမ်းသူ့ပန်းခွေချ အလေးပြုအခမ်းအနား စီစဉ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေး ဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေး ရေးဆပ်ကော်မတီ၊ အတွင်းဝန်ရုံး (ယခင်ဝန်ကြီး များရုံး) အလံတင်အခမ်းအနား ကျင်းပရေး ဆပ်ကော်မတီဟူ၍ ဆပ်ကော်မတီ ရှစ်ခုကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နတ်မောက်ရှိ ဗိုလ်ချုပ်နေအိမ်ပြတိုက်ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
အုပ်ချုပ်ထောက်ပံ့မှုအတွက် အာဇာနည်ဗိမာန် အပါအဝင် သက်ဆိုင်ရာနေရာများ သန့်ရှင်းသပ်ရပ် ရေး၊ မြေယာရှုခင်းများ ပန်းအလှပင်များ စိမ်းလန်း စိုပြည်ရေး၊ လျှပ်စစ်မီးမပြတ်တောက်စေရေး၊ မီးစက် အရန်များထားရှိရေးကိစ္စများကို ဆောင်ရွက်ထား ရှိရန်၊ ထို့အပြင် အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးချိန်တွင် အသိပေး ဥဩသံထုတ်လွှင့်ရေး၊ အာဇာနည်နေ့မတိုင်မီ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင် သံကြားနှင့် မီဒီယာများမှတစ်ဆင့် အာဇာနည်နေ့ ဆိုင်ရာ အကြောင်းအရာများ၊ အစီအစဉ်များ၊ သီချင်း များ ကြိုတင်ရေးသားထုတ်လွှင့်ရေး၊ ကျောင်းများ တွင် အာဇာနည်နေ့နှင့် ပတ်သက်သော စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲနှင့် ဟောပြောပွဲများ ကျင်းပ ပြုလုပ်ရေးတို့ကို ဆောင်ရွက်သွားရန် ထည့်သွင်း ပြောကြားသည်။
ဆက်လက်၍ (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား လုံခြုံရေးကော်မတီဥက္ကဋ္ဌ ကိုယ်စား ရဲမှူးချုပ် ဝင်းမင်းသိန်း၊ (၇၅)နှစ်မြောက် အာဇာနည် နေ့အခမ်းအနား ကျင်းပရေးဗဟိုကော်မတီ အဖွဲ့ဝင် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ အတွင်း ရေးမှူး ရန်ကုန်မြို့တော်ဝန် စည်ပင်သာယာရေး ဝန်ကြီး ဦးဘိုဌေးနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နေပြည်တော်ကောင်စီ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့က သက်ဆိုင်ရာ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီ များအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်