
နေပြည်တော် ဒီဇင်ဘာ ၁၅
(၇၅) နှစ်မြောက် စိန်ရတု တပ်မတော် (လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင်လေတပ်စခန်းဌာနချုပ်၌ ကျင်းပ ရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (လေ) များ၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊စစ်သည်များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
ဦးစွာ စစ်ရေးပြအခမ်းအနားကို အစီအစဉ် အတိုင်း ကျင်းပရာ နိုင်ငံတော်အလံနှင့် ကျဆုံးလေ ပြီးသော တပ်မတော်သားများအား အလေးပြု ခြင်း၊ သစ္စာလေးချက်ရွတ်ဆိုခြင်းများ ဆောင်ရွက်၍ ကာကွယ်ရေးဦးစီးချုပ် (လေ) က စစ်ရေးပြတပ်ခွဲ များကို စစ်ဆေးသည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) က (၇၅) နှစ်မြောက် စိန်ရတု တပ်မတော် (လေ) နှစ်ပတ် လည်နေ့ အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏ စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။
ထို့ပြင် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော် (လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပရိတ်တရား နာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို မိတ္ထီလာတပ်နယ်ရှိ လေယာဉ် ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်တွင် ကျင်းပရာ နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ် သာသနာ့ဝေပုလ္လပါဠိ တက္ကသိုလ် ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကောဝိဒ အမှူးပြုသော သံဃာတော်အရှင်မြတ် (၇၅) ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ကာကွယ် ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး ဒေါ်တင်မိုးနွယ်၊ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်နှင့် ဇနီး ဒေါ်မြင့် မြတ်မြတ်စိုး၊ လေတပ်စခန်းဌာနချုပ်မှူးများနှင့် ဇနီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် အခမ်း အနား တက်ရောက်လာကြသူများသည် သာသနာ့ ဝေပုလ္လပါဠိတက္ကသိုလ် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ် များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရား တော်များ နာယူကြသည်။
ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြပြီး သာသနာ့ဝေပုလ္လပါဠိ တက္ကသိုလ် ဆရာတော်ထံမှ အနုမောဒနာ တရား နာယူကြသည်။
ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှဝေကြပြီးနောက် သံဃာတော်အရှင်သူ မြတ်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်