(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားများ မြို့နယ်အသီးသီး၌ ကျင်းပ

 

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင် အခမ်းအနားနှင့် အလေးပြုခြင်းအခမ်းအနားများကို မြို့နယ်အသီးသီး ၌ ဖေဖော်ဝါရီ ၁၂ ရက်က နံနက်ပိုင်းက ကျင်းပသည်။
ချောင်းဆုံ
မွန်ပြည်နယ်    ချောင်းဆုံမြို့နယ်    တေဇဥယျာဉ်တော်၌   ကျင်းပ သည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်   အလံတင်အခမ်းအနားနှင့်   သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား တွင် တက်ရောက်လာကြသူများက နိုင်ငံတော်အလံကို အလေးပြုပြီး စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သည့်  သဝဏ်လွှာကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က  ဦးစိုးလွင်က  ဖတ်ကြားသည်။  အဆိုပါအခမ်းအနားသို့  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်  ဝန်ထမ်းများ၊   ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း  ၂၀၀ ခန့်  တက်ရောက်ကြကာ ပြန်/ ဆက်ဦးစီးဌာန   ဝန်ထမ်းများကလည်း  (၇၅)  နှစ်မြောက်  စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့သည်။
မြို့နယ်(ပြန်/ဆက်)
အိမ်မဲ 
ဧရာဝတီတိုင်းဒေသကြီး    အိမ်မဲမြို့နယ်အထက်ပိုင်းရပ်ကွက်ရှိ လွတ်လပ်ရေးပန်းခြံ၌  ကျင်းပသည့်  (၇၅)နှစ်မြောက်  စိန်ရတု ပြည်ထောင်စုနေ့  အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊   ဌာနဆိုင်ရာများ၊   လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၊  ပြည်သူများ    တက်ရောက်ပြီး  နိုင်ငံတော်အလံကို   အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်ထံမှ  ပေးပို့သော  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့   သဝဏ်လွှာကို      မြို့နယ်အုပ်ချုပ်ရေးမှူး   ဦးခိုင်ထွန်းဇော်က  ဖတ်ကြားပြီး   စိန်ရတု ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့သော အထက် တန်းအဆင့်  စာစီစာကုံး၊  ကဗျာ၊  ဆောင်းပါး၊  ပန်းချီနှင့်  ကျပန်း စကားပြောပြိုင်ပွဲများမှ ဆုရ ကျောင်းသား ကျောင်းသူများ၊ တိုင်း ဒေသကြီးအဆင့်  အားကစားပြိုင်ပွဲများတွင်  ထူးချွန်ဆုရရှိခဲ့သော   အားကစားသမားများနှင့် သတင်းအချက်အလက်များတွင်  စိတ်ပါ ဝင်စား  တက်ကြွစွာ  ဆောင်ရွက်မှုအတွက် ဆုရရှိခဲ့သော ပြန်/ဆက် ဝန်ထမ်းများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ကာ မြို့နယ်ပြန်/ ဆက်  ဦးစီးမှူးနှင့်  ဝန်ထမ်းများက  (၇၅)နှစ်မြောက်  စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို ဖြန့်ဝေပေးခဲ့သည်။                         ချစ်သက်လယ်(အိမ်မဲ) 
ကျိုက်လတ် 
ကျိုက်လတ်မြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည့် (၇၅)နှစ်‌မြောက်  စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်    အလံတင်အခမ်း အနားနှင့်  အလံအလေးပြုခြင်းအခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်ဇေယျ၊  အဖွဲ့ဝင်  ဗိုလ်မှူးရဲမင်းနှင့်  အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်‌ရောက်၍ နိုင်ငံတော်အလံကို အလေးပြုကြသည်။  ထို့နောက်  မြို့နယ်ပြည်သူ့အားကစားကွင်း၌     နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး    မင်းအောင်လှိုင်ထံမှ     ပေးပို့သော   (၇၅)နှစ်မြောက် စိန်ရတု    ပြည်ထောင်စုနေ့သဝဏ်လွှာကို      မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ    ဦးကျော်ဇေယျက   ဖတ်ကြားပြီး    သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် ကျေးရွာများမှ ပြည်သူများ  တက်ရောက်ခဲ့ကြကာ     အခမ်းအနားသို့    တက်ရောက်လာသူများအား  မြို့နယ်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနက  (၇၅)နှစ် မြောက် စိန်ရတု  ပြည်ထောင်စုနေ့အထိမ်းအမှတ်  “သတင်းစကား” လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။ 
မြို့နယ် (ပြန် /ဆက်) 
ဘုတ်ပြင်း  
ဘုတ်ပြင်းမြို့နယ်၌   (၇၅)နှစ်မြောက်    စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်  သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို   စည်ပင်သာယာ ကွင်းရှိ  ယာယီလွတ်လပ်ရေးကျောက်တိုင်၌ ကျင်းပရာ   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်ထံမှ    ပေးပို့သည့်     (၇၅)နှစ်မြောက်    စိန်ရတု ပြည်ထောင်စုနေ့သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ  ဗိုလ်မှူး  ရဲလင်းဦးက ဖတ်ကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့    ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊   မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား  ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့ များ၊ ဒေသခံများ တက်ရောက်ခဲ့ကြကြောင်း  သိရသည်။
မြို့နယ်( ပြန်/ဆက်)
ကျိုက်ထို 
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို  ကျိုက်ထို မြို့နယ်ခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ   မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဗမာ/ကရင်/မွန်/  ပအိုဝ်းစာပေယဉ်ကျေးမှု ပူးပေါင်းချစ်ကြည်ရေးအဖွဲ့ဝင်များ၊   မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ  ဂုဏ်ပြုတပ်ဖွဲ့ဝင်များ  တက်ရောက်ခဲ့ပြီး  ဂုဏ်ပြု တပ်ဖွဲ့၏  ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံကို အလေးပြုကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ       နိုင်ငံတော်ဝန်ကြီးချုပ်        ဗိုလ်ချုပ်မှူးကြီး    မင်း‌အောင်လှိုင်ထံမှ    ပေးပို့သော   (၇၅)နှစ်မြောက်      စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက  ဖတ်ကြားပြီး   စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။   ဝင်းမောင်(ကျိုက်ထို)
ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့၌  (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စု နေ့အခမ်းအနားကို   မြို့စုပေါင်းရုံး၌  ကျင်းပရာ  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊      မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  တိုင်းရင်းသားရိုးရာစာ‌‌ပေနှင့်   ယဉ်‌ကျေးမှုအဖွဲ့များ၊   ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊   မြို့မိ မြို့ဖ များက   နိုင်ငံတော်အလံကို   အလေးပြုကြသည်။   ဒုတိယပိုင်း အစီအစဉ်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်ထံမှ  ပေးပို့လာသော  (၇၅) နှစ်မြောက်   စိန်ရတု ပြည်ထောင်စုနေ့သဝဏ်လွှာကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က   ဖတ်ကြားပြီး   စိန်ရတု  ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်  ကျင်းပခဲ့သော စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိ သော အ‌ခြေခံပညာ‌ကျောင်းများမှ ကျောင်းသား ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ဆုများချီးမြှင့် ခဲ့သည်။   အခမ်းအနားသို့ တက်ရောက်လာကြသူများအား ပြန်ကြား ရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ထုတ်ဝေသည့်  (၇၅)နှစ် မြောက်  စိန်ရတု ပြည်‌ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား  လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့သည်။မြို့နယ်(ပြန်/ဆက်)
ဘူးသီးတောင်
ရခိုင်ပြည်နယ်  ဘူးသီးတောင်မြို့၌     (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ်  နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက  နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။                                                  လှကျော်(ပြန်/ဆက်)
ကျွန်းစု
တနင်္သာရီတိုင်းဒေသကြီး  ကျွန်းစုမြို့နယ်တွင်   (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင် အခမ်းအနားကို မြကျွန်းသာပန်းခြံ ရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပရာ   အခမ်းအနားသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်   ဌာနဆိုင်ရာတာဝန်ရှိသူ များ  တက်ရောက်အလေးပြုခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ထုတ်ဝေသည့်   (၇၅)နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို မြို့နယ် ပြန်/ဆက် ၀န်ထမ်းများက ဖြန့်ဝေပေးခဲ့ပြီး သဝဏ်လွှာဖတ်ပွဲကို ဆက်လက်ကျင်းပရာ  နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော   (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ဖတ်ကြားခဲ့သည်။
စည်သူရအောင်
(ကျွန်းစု)

နမ္မတူ
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန    အစည်းအဝေးခန်းမ၌   ကျင်းပသည့်    စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားတွင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ      နိုင်ငံတော်ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဝင်း မင်းထွန်းက ဖတ်ကြားခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ  တက်ရောက် ခဲ့ကြသည်။                                                
 လူမော် (ပြန်/ဆက်)